Gossips

အာဂျင်တီးနားပွဲစဉ်အချို့ ဖျက်သိမ်း

Mar 04 , 2017

ကစားသမားများ ဆန္ဒပြမှုကြောင့် ယခုအပတ် အာဂျင်တီးနားလိဂ်မှ ပွဲစဉ်အချို့ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

အာဂျင်တီးနားဘောလုံးအဖွဲ့မှာ ယမန်နေ့က ကစားရန်ရှိသည့် ပွဲစဉ် ၂ခုကို ဖျက်သိမ်းလိုက်ရပြီး ဆန္ဒပြနေသော ကစားသမား များနှင့် ညှိနှိုင်း၍ အဆင်မပြေခြင်းကြောင့် ဖြစ်သည်။

အာဂျင်တီးနားရှိ ကလပ်အတော်များများတွင် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ကစားသမားများကို လစာပုံမှန် မပေးနိုင်ခဲ့သည်မှာ လအတန်ကြာပြီဟု ဆိုသည်။

ကစားသမားများ သမဂ္ဂက ၎င်းတို့အဖွဲ့ဝင် ကစားသမားများ၏ လစာများ မရမချင်း ဆန္ဒပြမှုကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆို သည်။

ယင်းဆန္ဒပြမှုထဲတွင် အာဂျင်တီးနားကလပ်ပေါင်း ၂၀၀ ကျော်မှ ကစားသမားများပါဝင်ကြကြောင်း သိရသည်။

U Myo Thant




<< Back Gossips


Advertisement
Here