La-liga News

ဆမ်ပါအိုလီကို ထောက်ခံသူ

Mar 04 , 2017

လက်ရှိ ဆီဗီးလားနည်းပြ ဆမ်ပါအိုလီမှာ ဘာစီလိုနာနည်းပြ ရာထူးနှင့် ထိုက်တန်သူဖြစ်ကြောင်း ဘာစီလိုနာ ဂန္တ၀င်ကစား သမားကြီး စတွိုင်ကော့ခ်ျက ပြောဆိုလိုက်သည်။

လက်ရှိ ဘာစီလိုနာနည်းပြ အင်းနရစ်ခ်ျမှာ စပို့တင်းကို ၆-၁ဖြင့် နိုင်သော ပွဲအပြီး၌ သူ့အနေနှင့် လာမည့် ရာသီကုန်တွင် ဘာစီလိုနာကို စွန့်ခွာတော့မည်ဟု ပြောဆိုခဲ့သည်။

အင်းနရစ်ခ်ျမှာ ဘာစီလိုနာကို လွန်ခဲ့သော  ၃နှစ်ကတည်းက ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူထွက်ခွာတော့မည် သတင်းကြောင့် ကိုးမန်း၊ ပိုချက်တီနို၊ ဗယ်ဗာဒီတို့မှာ ဘာစီလိုနာနည်းပြ ဖြစ်လာနိုင်မည်သူများအဖြစ် နာမည်ကြီးလာခဲ့ကြသည်။

သို့သော် ချီလီ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဘူးပြီး၊ လက်ရှိ ဆီဗီးလား နည်းပြ ဆမ်ပါအိုလီကိုမူ စတွိုင်ကော့ခ်ျက ထောက် ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆီဗီးလားအသင်းမှာ လောလောဆယ် လာလီဂါ အမှတ်ပေးဇယားတွင် ဘာစီလိုနာနှင့် ၂မှတ်အကွာ အဆင့် ၃ တွင် ဆက်လက် ရပ် တည်နေဆဲ ဖြစ်သည်။

U Myo Thant

<< Back La-liga News


Advertisement
Here