AFC Cup News

AFC Cup 2017 အုပ်စုဒုတိယပွဲစဉ်များ ကစားမည်

Mar 06 , 2017

AFC Cup 2017 အုပ်စုဒုတိယပွဲစဉ်များကို မတ် ၇ရက်နှင့် ၈ရက်တို့တွင် ရတနာပုံအသင်းသည် အဝေးကွင်းပွဲစဉ်အဖြစ် လည်းကောင်း၊ မကွေးအသင်းသည် အိမ်ကွင်းအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

အဖွင့်ပွဲစဉ်တွင် အိမ်ကွင်းပွဲစဉ်အဖြစ် လက်ခံကစားပြီး နိုင်ပွဲရရှိထားသော ရတနာပုံအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် Than Quang Ninh အသင်းနှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ယင်းပွဲစဉ်ကို မတ် ၈ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်းဒင်းနိုင်ငံတကာအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ပထမအကျော့တွင် အဝေးကွင်းအဖြစ် သွားရောက်ကစားပြီး ဖိလစ်ပိုင်ကလပ်အသင်းကို ရှုံးနိမ့်ထားသော မကွေးအသင်းသည် အုပ်စုဒုတိယပွဲစဉ်တွင် မလေးရှားကလပ် ဂျိုဟိုးအသင်းကို အိမ်ရှင်အဖြစ် လက်ခံကစားမည် ဖြစ်သည်။ ယင်းပွဲစဉ်ကို မတ် ၇ ရက်တွင် ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

 

U Myo Thant

<< Back AFC Cup News


Advertisement
Here