Asian Cup News

ခြေစစ်ပွဲအတွက် အာရှအသင်းကြီးနှင့် ခြေစမ်းမည်

Mar 06 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မတ် ၂၈ ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမည့် အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင် မှုအဖြစ် မတ် ၂၁ရက်တွင် အာရှအသင်းကြီးတစ်သင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း အဖွဲ့ချုပ် စီအီး အို ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၇ ခုနစ် ပွဲဦးထွက်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲကို အောင်မြင်မှုရရှိ ရန် ပြင်ဆင်လျက်ရှိရာ ယခုကဲ့သို့ အာရှအင်အားကြီးအသင်းတစ်သင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ လောလောဆယ်မှာ ကိုယ့်ထက်အဆင့်မြင့်တဲ့ အသင်းနဲ့ ခြေစမ်းနိုင်ဖို့ ဖိတ်ထားတယ်။ ဖိတ်ထားတဲ့ အသင်းတွေ က ဥဇဘက်ကစ္စတန်၊ ဆော်ဒီ၊ ဆီးရီးယားနဲ့ ပါလက်စတိုင်းအသင်းတွေပါ။ ဘယ်အသင်းနဲ့ ဖြစ်မလဲဆိုတာ ဒီရက်ပိုင်းထဲ ထုတ်ပြန်ပေးမှာပါ။ ဖီဖာခွင့်ပြုချက်အရ ခြေစမ်းပွဲတစ်ပွဲပဲ ကစားခွင့်ရမှာဆိုတော့ မတ် ၂၁ ရက်မှာ ရန်ကုန်မြို့၌ ကစားဖို့ စီစဉ် ထားပါတယ်။ အာရှဖလားခြေ စစ်ပွဲအောင်မြင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ" ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

အာရှဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကို မတ်လ ဒုတိယပတ်တွင် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ပြီး ပဏာမကစားသမား စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲတွင် ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နှင့် အတူ အုပ်စု(A)တွင် ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် မတ် ၂၈ ရက်တွင် အိန္ဒိယအသင်းကို အိမ် ကွင်းပွဲစဉ်အဖြစ် လက်ခံကစားရမည် ဖြစ်သည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here