EPL News

စံချိန်ချိုးသော စပါး

Mar 06 , 2017

အဲဗာတန်ကို ၃-၂ဖြင့် နိုင်ခဲ့ပြီးနောက် စပါးအသင်းမှာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၉ဆက် အနိုင်ရသည့် စံချိန်သစ်ကို တင်လိုက် ပြီဖြစ်ပြီး၊ ယင်းမှာ စံချိန်သစ်များစွာတို့အတွက် အစပင်ဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။

တနင်္ဂနွေနေ့က ကစားခဲ့သော အဲဗာတန်နှင့် ပွဲတွင် ကိန်းက မိနစ် ၂၀ နှင့် ၅၆ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူခဲ့ပြီး လူကာလူ က အဲဗာတန်အတွက် ၈၁ မိနစ်တွင် ၁ဂိုး ပြန်သွင်းခဲ့သည်။

သို့သော် အယ်လီက နာကျင်အချိန်ပို ၂ မိနစ်တွင် အနိုင်သေချာစေမည့် ဂိုးကို စပါးအသင်းအတွက် သွင်းယူခဲ့သောကြောင့် အဲဗာတန်မှ ဗလင်စီယာ ထပ်သွင်းခဲ့သော်လည်း ၃-၂ဖြင့် စပါးက အနိုင်ရရှိခဲ့ ခြင်း ဖြစ်သည်။

လောလောဆယ်တွင် မန်စီးတီးနှင့် စပါးတို့က ၂၇ ပွဲစီ ကစား ၅၈ မှတ်နှင့် ၅၆ မှတ် အသီးသီးရရှိထားပြီး ဇယားထိပ်မှ ချဲလ်ဆီးမှာ ၂၆ ပွဲကစား ၆၃ မှတ်ဖြင့် ဆက်လက် ဦးဆောင်နေဆဲ ဖြစ်သည်။

စပါးမှာ လက်ကျန်ပွဲများထဲတွင် အသင်းကြီးများထဲမှ အာဆင်နယ်၊ မန်ယူတို့ကို အိမ်ကွင်းတွင် ဧည့်ခံရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here