Bundesliga News

လေဗာကူဆင်နည်းပြ ထုတ်ပယ်ခံရ

Mar 06 , 2017

ဘွန်ဒစ်လီဂါပွဲစဉ် ၂၃ တွင် ဒေါ့မွန်ကို ၆-၂ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လေဗာကူဆင်အသင်းသည် နည်းပြရော်ဂျာရှမစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

လေဗာကူဆင်အသင်းမှာ ဇန်န၀ါရီ ၂၉ ရက်နေ့ မိုချင်နှင့် ပွဲတွင် ၂-၃၊ ဖေဖော်ဝါရီ ၄ရက် ဟမ်းဘတ်နှင့် ပွဲတွင် ၀-၁တို့ဖြင့် ရှုံးခဲ့ ပြီး၊ ဖေဖော်ဝါရီ ၁၁ နှင့် ၁၈ တို့တွင် ဖရန့်ဖတ်၊ အော့စဘတ်တို့ကို နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၅ နှင့် မတ်လ ၄ရက် မင့်ဇ် ၊ ဒေါ့မွန်တို့နှင့် ပွဲများကို ပြန်ရှုံးခဲ့သဖြင့် စုစုပေါင်းး ၂၃ ပွဲကစား အမှတ် ၃၀ ဖြင့် အဆင့် ၁၀သို့ ရောက်သွားပြီးနောက် နည်းပြကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၉ နှစ်အရွယ် ရှမစ်မှာ ဘွန်ဒစ်လီဂါတွင် နည်းပြကောင်းတစ်ဦးအဖြစ် အများကလက်ခံထားသူဖြစ်ပြီး၊ အာဆင်နယ်တွင် ၀င်းဂါးနေရာကို ဆက်ခံနိုင်မည့်သူအဖြစ်လည်း ထင်ကြေးပေးခံရသူ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here