EPL News

ပြစ်ဒဏ်ချခံရမည့် သူ ၂ဦး

Mar 07 , 2017

မန်ယူမှ မိုဗစ်နှင့် ဘုန်းမောက်မှ မိုင်းစ်တို့မှာ အဆိုပါ ၂သင်းဆုံတွေ့ခဲ့စဉ်က ဖြစ်ပွားခဲ့သော ၂ဦးထိပ်တိုက် ရင်ဆိုင်မှုအတွက် FA ၏ အပြစ်ပေး အရေးယူမှုကို ခံရမည် ဖြစ်သည်။

စနေနေ့ အစောပိုင်းက ကစားခဲ့သော ထိုပွဲစဉ်တွင် ၁ဂိုးစီ သရေကျခဲ့ပြီး မန်ယူတိုက်စစ်မှုး မိုဗစ်နှင့် ဘုန်းမောက် နောက်ခံလူ မိုင်းစ်တို့မှာ ဘောလုံးယှဉ်အလုတွင် ထိခိုင်မိခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရင်းက ၂ဦးလုံကို သတိပေးစကား သာ ပြောဆိုခဲ့သော်လည်း FAကပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ယနေ့ ညနေ ၆နာရီ နောက်ဆုံးထား၍ ဖြေရှင်းချက်ပေး ရမည် ဖြစ်သည်။

FA က ဒိုင်အနေနှင့် ဖြစ်ပျက်သွားမှုကို ရှင်းလင်းစွာ တွေ့မြင်ခြင်းမရှိဟုဆိုသော်လည်း ရုပ်/သံ ရိုက်ချက်များတွင် ၎င်းကစားသမား ၂ဦးတို့ အချင်းများနေပုံကို တွေ့မြင်ခဲ့ရသည်။

အကယ်၍ ၎င်းတို့ ၂ဦးကို ၃ပွဲစီပွဲပယ်ခဲ့မည်ဆိုပါက မိုဗစ်မှာ ချဲလ်ဆီးနှင့် ကစားမည့် FA ကွာတားဖိုင်နယ်ပွဲ၊ မစ်ဒယ်ဘရော့၊ ၀က်ဘရွန်းတို့နှင့် ကစားရမည့် ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကာ မိုင်းစ်မှာ ၀က်စ်ဟမ်း၊ ဆွမ်ဆီးနှင့် ဆောက်သင်တန်ပွဲများကို လွဲချော်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here