EPL News

ကွင်းသစ်ကို မြို့တော်ဝန် သဘောတူ

Mar 07 , 2017

ပေါင် သန်း ၅၀၀ ကုန်ကျမည့် ချဲလ်ဆီးကွင်းသစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက သဘော တူထောက်ခံလိုက်ပြီ ဖြစ်သည်။

ပရိသတ် ၆သောင်း ၀င်ဆံ့မည့် ထိုကွင်းသစ်အတွက် ဟမ်းမားစမစ်နှင့် ဖူလ်ဟမ်ကောင်စီတို့က လွန်ခဲ့သော ဇန်န၀ါရီလ တွင် ထောက်ခံခဲ့ကြသော်လည်း မြို့တော်ဝန်၏ ထောက်ခံမှုက အရေးပါဆုံးဖြစ် သဖြင့် ယခုကဲ့သို့ထောက်ခံမှုရခြင်းမှာ စီမံကိန်း များ ဆက်လက်ဆောင်ရွက်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။

ချဲလ်ဆီးအသင်းအနေနှင့် ၂၀၂၁-၂၀၂၂ ရာသီအမီ ကွင်းသစ်တည်ဆောက်မှုပြီးပြည့်စုံနေစေရန် မျှော်လင့်နေပြီး မြို့တော်ဝန် ခန်း က "လန်ဒန်ဟာ ကမ္ဘာ့အကြီးအကျယ်ဆုံး အားကစားမြို့ကြီးတွေထဲမှာ အပါအ၀င်ဖြစ်သလို ချဲလ်ဆီးရဲ့ ကွင်းသစ်ကြီးကလည်း လန်ဒန်ရဲ့ ရတနာတစ်ပါးဖြစ်လာမယ်လို့ ကျနော် ရဲရဲကြီး ယုံကြည်ပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

ခန်း၏ ထောက်ခံမှုနှင့် ပတ်သက်၍ ချဲလ်ဆီးအသင်းတာဝန်ရှိသူများက ၀မ်းသာဂုဏ်ယူစကားများ ပြောဆိုခဲ့ပြီး သတ်မှတ်ကာလ အတွင်း ပြီးစီးရန် အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here