AFC Cup News

ဗီယက်နမ်ကို အနိုင်ရရန် ယုံကြည်ဟုနည်းပြချုပ်ပြော

Mar 08 , 2017

AFC Cup 2017 Group (H) အဖြစ် ဗီယက်နမ်ကလပ် သန်ကွမ်နင်းအသင်းကို အနိုင်ယူနိုင်ရန် ကစားသမားများအား အပြည့် အ၀ယုံကြည်ကြောင်း ရတနာပုံအသင်း နည်းပြချုပ်ရီနီက ယမန်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ဗီယက်နမ်ကလပ်အသင်းတွေရဲ့ ခြေစွမ်းက ဘယ်လိုရှိတယ်ဆိုတာကို လေ့လာသင့်သလောက် လေ့လာထားပါတယ်။ အခု ကျွန်တော်တို့ ဗီယက်နမ်ကို ခေါ်လာတဲ့ ကစားသမားတော်တော်များများက လူငယ်ကစားသမားတွေပါပဲ။ နိုင်ငံခြားသားကစား သမားတစ်ဦးပဲပါတယ်။ မနှစ်က နိုင်ငံခြားသား ကစားသမားတစ်ဦးနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ တစ်ဦးပဲ သုံးထား တယ်။ အခုလည်း ကျွန်တော်တို့ ပြည်တွင်းလိဂ်မှာ ဒီကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အမှတ်ပေးဇယား အဆင့် (၂) နေရာ ကို ရောက်ရှိနေပါတယ်။ ဒါကြောင့် အခု ကျွန်တော့်ကစားသမားတွေကို ယုံကြည်မှု အပြည့်အ၀ရှိပါတယ်" ဟု နည်းပြချုပ် ရီနီ က ပြောသည်။

AFC Cup 2017 Group (H) ဒုတိယမြောက်ပွဲစဉ်အဖြစ် ရတနာပုံအသင်းနှင့် ဗီယက်နမ်ကလပ် သန်ကွမ်နင်းအသင်းတို့၏ ပွဲစဉ် ကို မန် ၈ရက်တွင် မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းအားကစားကွင်း၌ ကျင်းပသွား မည်ဖြစ်ပြီး ယင်းပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြားနှင့် FOX Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here