AFC Cup News

ရတနာပုံနှင့် ထန်ကွမ်နင်သရေကျ

Mar 09 , 2017

၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (H) ဒုတိယပွဲအဖြစ် ထန်ကွမ်နင်(ဗီယက်နမ်)အသင်းနှင့် ရတနာပုံ(မြန်မာ)အသင်းသည် ယမန်နေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းကွင်း၌ ကျင်းပရာ တစ်ဂိုးစီသရေကျခဲ့သည်။

ရတနာပုံအသင်းသည် အဝေးကွင်းတွင် သရေတစ်မှတ်ရယူနိုင်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိသွား ခဲ့ရသည်။ ရတနာပုံအသင်းသည် AFC Cup ပြိုင်ပွဲတွင် ပထမဆုံးအဝေးကွင်း၌ အမှတ်ရယူနိုင်ခဲ့ပြီး အုပ်စုပထမအကျော့အပြီး တွင် နှစ်ပွဲကစား လေးမှတ်အထိ ရယူထားနိုင်ကာ ရှုံးပွဲမရှိသေးပေ။

ပွဲအစတွင် ရတနာပုံအသင်းက အပြန်အလှန်ကစားနိုင်ခဲ့ပြီး မိနစ် ၂၀ သိန်းသန်းဝင်း၏ ဖန်တီးပေးမှုမှတစ်ဆင့် ရန်ပိုင်က ဂိုးစတင်သွင်းယူခဲ့သည်။ ရတနာပုံအသင်းသည် ဦးဆောင်ဂိုး စောစီးစွာရခဲ့သောကြောင့် အနိုင်ရလဒ်ကို ထိန်းရန်ကြိုးပမ်း ခဲ့သော်လည်း ထန်ကွမ်နင်က ချေပဂိုးရရန် ကြိုးပမ်းခဲ့သည်။

ပထမပိုင်းပြီးခါနီးတွင် ရတနာပုံအသင်းသည် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်ပေးခဲ့ရပြီး ဗူမင်ထရန်က သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ရတနာပုံအသင်းသည် ဒုတိယပိုင်းတွင် သရေရလဒ်ကို ထိန်းကစားသွား ခဲ့ပြီး ထန်ကွမ်နင်အသင်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့၍ သရေဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here