Champions League

ဒဏ်ရိုက်ခံမည့် ၂သင်း

Mar 09 , 2017

လွန်ခဲ့သော အဂါင်္နေ့က ကစားခဲ့သော ချန်ပီယံလိဂ် ရှုံး၊ ထွက် ဒုတိယအကျော့ပွဲစဉ်တွင် ပရိသတ်များ သောင်းကျန်းခဲ့မှုကြောင့် အာဆင်နယ်နှင့် ဘိုင်ယန်တို့ကို UEFA က အရေးယူမည် ဖြစ်သည်။

ဘိုင်ယန်အသင်း ပရိသတ်များမှာ ကွင်းအတွင်းသို့ အရာဝတ္ထုများ၊ စက္ကူလိပ်များ ပစ်ပေါက်ခဲ့ကြခြင်းဖြင့် ပွဲစဉ် ကို နှောင့်နှေးအောင် ပြုလုပ်ခဲ့ကြသည်ဟု UEFA က စွပ်စွဲခဲ့ပြီး အာဆင်နယ် ပရိသတ်များမှာလည်း ကွင်းအတွင်း ၀င်ရောက်သောင်းကျန်းခဲ့မှုကြောင့် အသင်းကို အရေးယူခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ပထမအကျော့ အဝေးကွင်းတွင် ဘိုင်ယန်ကို ၅-၁ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲတွင်လည်း ၅-၁ဖြင့် ထိပ်မံ ရှုံးနိမ့်ခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၁၀-၂ဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။

UEFA အနေနှင့် ချန်ပီယံလိဂ်ပွဲများမှ အရေးယူရန်ရှိသည်များကို လာမည့် မတ်လ ၂၃ ရက်နေ့တွင် ပြစ်ဒဏ်ချမည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here