Champions League

ဘာကာကို ဂွာဒီယိုလာ ချီးကျူး

Mar 09 , 2017

နောက်ဆုံး မိနစ် အနိုင်ဂိုးဖြင့် ချန်ပီယံလိဂ်ကွာတားသို့ တက်ရောက်သွားသော ဘာစီလိုနာအသင်း ကစားပုံကို နည်းပြဟောင်း ဂွာဒီယိုလာက ချီးကျူးလိုက်သည်။

ဘာစီလိုနာအသင်းမှာ ရှုံး၊ ထွက်အဆင့်တွင် PSG နှင့် တွေ့ဆုံခဲ့ပြီး ပထမအကျော့တွင် ၄ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ ထို့ကြောင့် ဒုတိယအကျော့တွင် ၅ဂိုးပြတ်ဖြင့် ပြန်နိုင်မှသာ ကွာတားဖိုင်နယ်သို့ တက်နိုင်မည်ဖြစ်သဖြင့် အများစုက ဖြစ်နိုင်ခြေနည်းပါးလှသည် ဟု ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း အဆုံးအဖြတ်ပွဲစဉ်တွင် သာမန်ပွဲ ကစားချိန် မိနစ် ၉၀ တွင် ဘာစီလိုနာက ၄-၁ရလဒ်သာ ကစားထားနိုင်ခဲ့သည်။ နာကျင်အချိန်ပို ၁ မိနစ်တွင် အလှည့်အပြောင်းအဖြစ် ဘာစီလိုနာအသင်း ပယ်နယ်တီရခဲ့ပြီး ၅-၁ အဖြေထွက်နေခဲ့သည်။

ဤရလဒ်အတိုင်း ပွဲပြီးခဲ့ပါက PSG က အဝေးဂိုး ဥပဒေဖြင့် နောက်တစ်ဆင့်တက်ရမည် ဖြစ်သည်၊ သို့သော် ဘာစီလိုနာအသင်းမှာ နာကျင်အချိန်ပို ၅ မိနစ်တွင် နေမာ၏ ပေးပို့မှုမှတစ်ဆင့် ရောဘတ်တိုက အနိုင်ဂိုးသွင်းသွားကာ ပရိသတ်ပေါင်း ၉သောင်းကျော်ရှေ့ တွင် အောင်ပွဲခံသွားခဲ့ပြီ ဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here