Gossips

နောဝစ်နည်းပြ အထုတ်ခံရ

Mar 11 , 2017

တန်းတက်ခွင့်ရရေး အလှမ်းဝေးသွားခဲ့ပြီးနောက် နောဝစ်အသင်းသည် နည်းပြ နေးလ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ် သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် နေးလ်မှာ ၂၀၁၅ ဇန်န၀ါရီတွင် အသင်းသို့ ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရ ရန် ကူညီပေးနိုင်ခဲ့သည်။

သို့သော် လွန်ခဲ့သော ရာသီတွင် တန်းပြန်ဆင်းခဲ့ရပြီး လောလောဆယ် ချန်ပီယံရှစ်တွင် ၂၆ ပွဲကစား ၅၃ မှတ်ဖြင့် အဆင့် ၈တွင်သာရှိနေကာ တန်းတက်ခွင့် Play-Off ကစားနိုင်မည့် အဆင့် ၆နှင့် ၉မှတ်ကွာဟနေပြီ ဖြစ်သည်။

ချန်ပီယံရှစ် နောက်ဆုံး ၅ပွဲတွင် နောဝစ်မှာ ၂ပွဲရှုံး၊ ၃ပွဲသရေသာ  ကစားနိုင်ခဲ့သဖြင့် တန်းတက်ခွင့်ရရေးနှင့် အလှမ်းဝေး သွားရခြင်း ဖြစ်သည်။

အရန်အသင်းနည်းပြ အာဗင်းမှာ လာမည့် စနေနေ့ ဘလက်ဘန်းနှင့် ပွဲတွင် နောဝစ် ယာယီနည်းပြအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အဆင့် ၂၀ မှ ဘလက်ဘန်းမှာ တန်းဆင်းဇုန်နှင့် ၂မှတ်အကွာတွင်သာ ရှိနေသော အသင်းဖြစ်သည်။

လွန်ခဲ့သော ၂၀၁၆ အောက်တိုဘာလတွင် နောဝစ်မှာ အမှတ်ပေးဇယား ဒုတိယနေရာအထိ ရောက်ရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ကစားရသည့် ပွဲပေါင်း ၂၄ ပွဲတွင် အနိုင် ၇ပွဲသာ ရရှိခဲ့ခြင်းကြောင့် အဆင့် ၈သို့ ထိုးကျသွားခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here