EPL News

ရာသီကုန်နားမည့် လာမီလာ

Mar 11 , 2017

စပါးကွင်းလယ် တိုက်စစ်သမား လာမီလာမှာ ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မည် ဖြစ်သည်။

သူသည် လီဗာပူးကို ရှုံးခဲ့သည့် EFL ဖလားပွဲအပြီးမှစ၍ စပါးအတွက် ကစားခွင်မရခဲ့သူ ဖြစ်သည်။

အာဂျင်တီးနားသား လာမီလာမှာ အသင်းဟောင်း ရိုးမားသို့ သွား၍ ရိုးမားမှ ကြံ့ခိုင်ရေးမှုး၊ ဆေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ဒဏ်ရာ အမြန်သက်သာရေး ကြိုးပမ်းလိမ့်မည် ဖြစ်သည်။

၂၀၁၃တွင် ပြောင်းရွှေ့ကြေးပေါင် ၂၅.၇သန်းဖြင့် ရိုးမားမှ စပါးသို့ ရောက်လာသူ လာမီလာမှာ မည်သည့်အချိန်နှင့် နားရမည် ဆိုခြင်းနှင့် ပတ်သက်၍ စပါးနည်းပြ ပိုချက်တီနိုက သေချာစွာ မပြောနိုင်သေးကြောင်း၊ သို့သော်လည်း တစ်ရက်ပြီးတစ်ရက် ပိုမို နီးကပ်လာပြီဟူ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

စပါးအသင်းမှာ လောလောဆယ်တွင် ပရီးမီးယားအဆင့် ၂တွင် ရပ်တည်နေကာ လာမည့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် အလေး ထားနေသော အသင်းဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here