Europe News

ခြေစမ်းဦးမည့် ဂျာမနီ

Mar 11 , 2017

ကမ္ဘာ့ဖလားလက်ရှိ ချန်ပီယံ ဂျာမနီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပွဲတွင် အခြေအနေကောင်းနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိရာ နာမည်ကြီးအသင်းများဖြစ်သော စပိန်၊ ဘရာဇီးတို့နှင့် ခြေစမ်းပွဲများ ကစားဦးမည် ဖြစ်သည်။

စပိန်အသင်းမှာ ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဒတ်ဆယ်လ်ဒေါ့သို့ လာရောက်၍ ဂျာမနီ အသင်းနှင့် ခြေစမ်းမည်ဖြစ်ပြီး နောက် ၄ရက်အကြာတွင် ဘာလင်၌ ဂျာမနီနှင့် ဘရာဇီးတို့ ခြေစမ်းကြမည် ဖြစ်သည်။

ဘရာဇီးနှင့် ဂျာမနီမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲပြီးသည့်နောက် ပထမဆုံး ပြန်တွေ့သည့် ပွဲဖြစ်လာမည်ဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလား ဆီ မီးဖိုင်နယ်တွင် ဂျာမနီက ဘရာဇီးကို ၇-၁ဖြင့် ဂိုးပြတ်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရင်ဒယ်က ဂျာမနီအနေနှင့် ဘရာဇီးကဲ့သို့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သော အသင်းဖြစ်လာရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့သည်။

ဘရာဇီးမှာ ၁၉၅၈ တွင် ဗိုလ်စွဲခဲ့ပြီးနောက် လက်ရှိ ချန်ပီယံဘ၀ဖြင့် ၁၉၆၂ တွင် ထပ်မံ ဗိုလ်စွဲခဲ့သော အသင်းဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here