AFC Cup News

AFC Cupကစားရန် မကွေး ကမ္ဘောဒီးယားသို့ ထွက်ခွာ

Mar 13 , 2017

AFC Cup 2017 အုပ်စု (F) တတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယားကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန် မကွေးအသင်းသည် ယမန်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

မကွေးအသင်းသည် အုပ်စုတတိယပဲါစဉ် အဝေးကွင်းပွဲစဉ်အဖြစ် ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းနှင့် မတ် ၁၄ ရက်တွင် ဖနောင်ပင်မြို့ရှိ အိုလံပစ်ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မကွေးအသင်း၌ အပြီးသတ် ၁၈ ဦးစာရင်းတွင် အဓိက ကစားသမားအများစု ပါဝင်သွားသော်လည်း နောက်ခံကစားသမား နန္ဒကျော်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကျန်ရစ်ခဲ့သည်။ မကွေးအသင်းနှင့် ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်းတို့ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ပြသသွားမည် ဖြစ်သည်။

AFC Cup 2017 အုပ်စု(F)တွင် မကွေးအသင်းသည် နှစ်ပွဲကစားပြီး တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ်တစ်မှတ်သာရရှိထားပြီး အဆင့်(၃)တွင် ရပ်တည်နေသည်။ ထို့ကြောင့် မကွေးအသင်းမှာ အုပ်စုတက်ရန်အတွက် ယခုပွဲစဉ်ကို မဖြစ်မနေနိုင်ပွဲရရှိရန် လိုအပ်နေကြောင်း သိရသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here