Gossips

ထုတ်ပယ်ခံရသော ဒါဘီနည်းပြ

Mar 13 , 2017

ဘရိုက်တန်အသင်းကို ၃-၀ဖြင့် ရှုံးကာ အဆင့် ၁၀သို့ ရောက်ရှိသွားခဲ့သော ဒါဘီကောင်တီအသင်းသည် နည်းပြ မက္ကလာရင်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

အင်္ဂင်္လန်နည်းပြဟောင်းဖြစ်သူ မက္ကလာရင်မှာ ၃ ရာသီအတွင်း ဒါဘီကို ၂ ကြိမ်  ကိုင်တွယ်ခွင့်ရခဲ့ရာ၌ ၂ကြိမ်လုံး ထုတ်ပယ်ခံရ သည့် စံချိန် တင်သွားခဲ့ပြီ ဖြစ်သည်။

အသင်းဥက္ကဋ္ဌ မောရစ်က မက္ကလာရင်မှာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး ကစားသမားဟောင်းများလည်းရှိကြောင်း၊ သို့သော် လည်း အသင်းအနေအထားကို နားမလည်နိုင်ဖြစ်ရသကဲ့သို့ လွန်ခဲ့သော သောကြာနေ့ ဘရိုက်တန်နှင့် ပွဲမှာ အကောင်းဆုံး ဥပမာပင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

မက္ကလာရင်မှာ ရာသီအစ ၁၂ပွဲတွင် ၉ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး တန်းတက်ခွင့်ရမည့် ဇယားအပေါ်ပိုင်း သို့ ရောက်နေခဲ့ရာမှ ၂၀၁၇ သို့ ရောက်လာချိန်တွင် နိုင်ပွဲ ၃ပွဲသာရခဲ့ကာ  အဆင့် ၁၀ အထိ ထိုးဆင်းသွားခြင်း ဖြစ်သည်။

မက္ကလာရင်မှာ ဒါဘီကို ၂၀၁၅တွင် ပထမအကြိမ် ကိုင်တွယ်ခွင့်ရခဲ့ပြီး ၂၀၁၆ အောက်တိုဘာလတွင် ဒုတိယအကြိမ် ကိုင်တွယ်ခွင့်ရခဲ့ပြန်ခြင်း ဖြစ်သည်။

U Myo Thant

<< Back Gossips


Advertisement
Here