Asian Cup News

မြန်မာနှင့် အင်ဒိုနီးရှား ဂျကာတာမြို့၌ ခြေစမ်းပွဲကစားမည်

Mar 14 , 2017

အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် မတ် ၂၁ ရက် ဒေသစံတော်ချိန် ည ၇နာရီတွင် အင်ဒိုနီးရှားနိုင်ငံ ဂျတာကာမြို့ ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်သည်။

"အင်ဒိုနီးရှားအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းချက်အရ မတ် ၂၀ ရက်သွားမယ်။ မတ် ၂၁ ရက်မှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်း နဲ့ ခြေစမ်းပွဲကစားမယ်။ မတ် ၂၂ ရက်မှာ ပြန်လာမယ်လို့ စီစဉ်ထားပါတယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

အာဖရိကအသင်းနှင့် ခြေစမ်းပွဲပျက်ရခြင်းနှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းထားသည့် အတိုင်းမဟုတ်ဘဲ ယင်းအသင်း မှ ငွေကြေးကို ကြိုတင်တောင်းခံခြင်းဖြစ်ကြောင်း ဦးဘုန်းနိုင်ဇော်က ဆက်လက်ပြော သည်။

"ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အာရှဖလားခြေစစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုရအောင် ကိုယ့်ထက် ကမ္ဘာ့အဆင့်ရှိတဲ့ အာဖရိကအသင်းတစ်သင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ အကြောင်းပြန် တယ်။ ခြေစမ်းပွဲကစားဖို့ ငွေကြေးကို ဒီရောက်မှပေးမယ်လို့ အစောကတည်းက ညှိနှိုင်းထားပေမယ့် သူတို့က ဟိုကိုအရင်  လွှဲပေးရမယ်လို့ အကြောင်းပြန်တယ်။ ဒါက လက်တွေ့မကျဘူးလေ။ ဒါကြောင့် ခြေစမ်းပွဲကစားဖို့ ပျက်ပြယ်သွားတာ ပါ" ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် အာရှဖလားခြေစစ်ပွဲ အိန္ဒိယနှင့် အုပ်စုအဖွင့်ပွဲစဉ်၊ မတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲအတွက် မတ် ၁၄ ရက်တွင် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ပြီး ပဏာမကစားသမား ၂၆ ဦးစာရင်းကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here