Asian Cup News

မက်ဆီဒိုးနီးယားသားကို လက်ထောက်နည်းပြခန့်မည့် မြန်မာ

Mar 14 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာရှဖလားခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဂတ်ဆီဇီ၏ လက်ထောက် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် မက်ဆီဒိုးနီးယားနိုင်ငံသားတစ်ဦးကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခင် လက်ထောက်နည်းပြ မီရိုနေရာအတွက် အစားထိုးရန် ယခုကဲ့သို့ မက်ဆီဒိုးနီးယားနိုင်ငံသား ပိုပေါ့စကီးကို တစ်နှစ်စာ ချုပ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

"ကျွန်တော်တို့ လက်ထောက်နည်းပြနေရာကို အစားထိုးဖို့ နည်းပြအများစုကို ကမ်းလှမ်းခဲ့တယ်။ အဲဒီထဲက အကောင်း ဆုံးဖြစ်နိုင်မယ့် နည်းပြချုပ် ဂတ်ဆီဇီနဲ့ အဆင်ပြေနိုင်မယ့်သူကို ရွေးချယ်ခဲ့တာဖြစ်တယ်။ သူက မက်ဆီဒိုးနီးယားနိုင်ငံသားတစ် ဦးဖြစ်ပြီး အတွေ့အကြုံရှိ နည်းပြတစ်ဦးလည်း ဖြစ်တယ်။ သူ့ကို ကြံ့ခိုင်ရေး နည်းပြအဖြစ်လည်း တာဝန်ပေးသွားမှာပါ။ နည်းပြ ပိုပေါ့စကီးကို ဒီရက်ပိုင်းအတွင်း တစ်နှစ်စာချုပ် ချုပ်မယ်။ မတ် ၁၄ ရက်မှာ စတင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ လေ့ ကျင့်ရေးအစီအစဉ်မှာ အသင်းနဲ့အတူ ပူးပေါင်းသွားမှာပါ" ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၇ ခုနှစ်တွင် အောင်မြင်မှုရရှိရန် ပြည်ပဂိုးနည်းပြတစ်ဦးကိုလည်း ခန့်အပ်ရန် စီစဉ် လျက်ရှိပြီး ဂျာမနီလူမျိုး ဂိုးနည်းပြတစ်ဦးကို ခေါ်ယူရန်ပြင်ဆင်နေကြောင်း ဦးဘုန်းနိုင်ဇော်က ဆက်လက်ပြောသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here