Asian Cup News

နည်းပြတစ်ဦးတည်းကိုင်တွယ်မည့် ယူ-၂၂နှင့် လက်ရွေးစင်

Mar 14 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၇ ခုနစ်အတွင်း အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးဂိမ်း ပြိုင်ပွဲ ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၂၂ အသင်းတို့ကို နည်းပြချုပ် ဂတ်ဆီဇီ တစ်ဦးတည်းကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

"နည်းပြချုပ် ဂတ်ဆီဇီကို မြန်မာ့လက်ရွေးစင်အသင်းရော ဆီးဂိမ်းပြိုင်မယ့် မြန်မာ ယူ-၂၂ အသင်းပါ ကိုင်တွယ်ဖို့ အားလုံးညှိနှိုင်းပြီး သဘောတူဆုံးဖြတ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ လက်ရွေးစင်အသင်းမှာ မြန်မာ ယူ-၂၂ အသင်းက လူငယ်ကစား သမား ၁၀ ဦးလောက်ပြန်ပါနေတယ်။ ပြီးတော့ ဒီနှစ်သင်းရဲ့ ပြိုင်ပွဲကာလကလည်း မတူတာကြောင့် နှစ်သင်းစလုံးကို ကိုင်တွယ်ဖို့ ဆုံးဖြတ် ခဲ့တာပါ" ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

ယခင်က အာရှဖလားဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် နည်းပြချုပ် ဂတ်ဆီဇီက တာဝန်ယူထားပြီး ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းကို ပြည်တွင်းနည်းပြ ဦးကြည်လွင်က တာဝန်ယူခဲ့သော်လည်း ယင်းအသင်းနှစ်သင်းစလုံးကို နည်းပြချုပ်အဖြစ် ဂတ်ဆီဇီက တာဝန်ယူသွားမည်ဖြစ်ပြီး ဦးကြည်လွင်က လက်ထောက်နည်းပြအဖြစ်သာ တာဝန်ယူသွား မည် ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here