Asian Cup News

ခြေစစ်ပွဲအတွက် မြန်မာ စတင်လေ့ကျင့်မည်

Mar 14 , 2017

မြန်မာ့လက်ရွေးစင်အသင်းသည် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲအတွက် မတ် ၁၄ ရက်တွင် စတင်လေ့ ကျင့်မည် ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မတ် ၂၁ ရက်တွင် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် ဂျတာတာမြို့၌ ခြေစမ်းပွဲကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မူလက ယင်းရက်တွင် အာဖရိကအသင်းဖြစ်သော အီကွေတိုရီရယ်ဂီနီအသင်းနှင့် ခြေစမ်းပွဲ ကစားရန် သဘောတူညီမှုရထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွားသောကြောင့် အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့် ကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်သည် ယခုခြေ စမ်းပွဲအတွက် ပြီးခဲ့သည့် ရက်ပိုင်းက သဘောတူညီမှုရခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မတ် ၁၃ ရက်တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့သည် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်မီက ရန်ကုန်မြို့တွင် ခြေစမ်းပွဲကစားခဲ့ပြီး ဂိုးမရှိ သရေကျခဲ့သည်။ အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ဖီဖာ၏  နိုင်ငံ တကာပြိုင်ပွဲဝင်ခွင့် ပိတ်ပင်မှုကြောင့် တစ်နှစ်ကျော်ကြာ ယှဉ်ပြိုင်ခွင့်မရဘဲ ဆူဇူကီးဖလားပြိုင်ပွဲမှ ပထမဆုံး ယှဉ်ပြိုင်ခဲ့ရသော် လည်း ဗိုလ်လုပွဲအထိ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၆ ဦးရွေးချယ်ထားပြီး ယနေ့ စတင်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအား ပြန်လည်ဖွဲ့စည်း ရာတွင် ခြေစွမ်းပြ၊ လက်စွမ်းပြနေသည့် ကစားသမားတချို့ ပါဝင်လာခြင်းမရှိသော်လည်း ယခင်ကထက် အမှန်တကယ် ခြေစွမ်းပြနေသည့် ကစားသမားများ ပါဝင်လာ သည်။ ရတနာပုံ၊ မကွေးနှင့် ဟံသာဝတီအသင်းတို့မှ ကစားသမားများမှာ ကလပ်ပွဲများရှိနေသောကြောင့် လက်ရွေးစင် အသင်းနှင့် နောက်ကျမှ ပူးပေါင်းနိုင်မည် ဖြစ်သည်။ အာရှဖလား ခြေစစ်ပွဲ ပထမပွဲအဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်း သည် မတ် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here