AFC Cup News

AFC Cup အဝေးကွင်းကစားရမည့် မကွေး

Mar 14 , 2017

AFC Cup ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မကွေးအသင်းသည် အုပ်စုတတိယပွဲအဖြစ် အဝေးကွင်းကစာရမည် ဖြစ်သည်။ ကမ္ဘောဒီးယား လက်ရွေးစင်အသင်းသည် မတ် ၁၄ ရက် မြန်မာစံတော်ချိန် ညနေ ၅နာရီ တွင် ကမ္ဘောဒီးယားနိုင်ငံ  ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်း ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

AFC Cup ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် မကွေးအသင်းသည် လက်ရှိအနေအထားအရ နောက်တစ်ဆင့်တက်ရန် ရုန်းကန်နေရပြီး ယခုပွဲမှာ အရေးပါလျက်ရှိသည်။ မကွေးအသင်းသည် ပထမပွဲ တွင် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းကို အဝေးကွင်း၌ ၁ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲတွင် မလေးရှာုးုကလပ် ဂျိုဟိုးဒါရူးလ်အသင်းနှင့် အိမ်ကွင်းတွင် တစ်ဂိုးစီသရေကျခဲ့သည်။ အန်ကောအသင်း သည် ဂျိုဟိုးဒါရူးလ်အသင်းကို အဝေးကွင်း၌ ၃ဂိုး-ဂိုးမရှိ၊ ဂလိုဘယ်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် နှစ်ပွဲစလုံး ရှုံးထားသည်။ မကွေးအသင်းပါဝင်သော အုပ်စု(F)တွင် ဂလိုဘယ်အသင်းက ခြောက် မှတ်ဖြင့် ဦးဆောင်နေပြီး ဂျိုဟိုးဒါရူးလ်အသင်းက လေးမှတ်၊ မကွေးအသင်းက တစ်မှတ်၊ အန်ကောအသင်းက အမှတ်မ ရသေးပေ။ ထို့ကြောင့် နိုင်ပွဲမရသေးသည့် အသင်းနှစ်သင်းတွေ့ဆုံမှုမှာ နောက်တစ် ဆင့်တက်ရေးအတွက် အရေးပါလာ မည်ဖြစ်ပြီး မကွေးအသင်းမှာလည်း အနိုင်ရမှသာ မျှော်လင့်ချက်ရှိမည် ဖြစ်သည်။ ယခုပွဲကို MRTV မှ တိုက်ရိုက်ထုတ် လွှင့်ပြသမည် ဖြစ်သည်။

ယခုနှစ် AFC Cup ပြိုင်ပွဲကို မြန်မာကလပ် အသင်းနှစ်သင်းဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ရတနာပုံအသင်းသည် သုံးသင်း ပါဝင်သော အုပ်စုတွင် ကျရောက်နေသောကြောင့် ယခုတစ်ပတ်တွင် ယှဉ်ပြိုင် ကစားရမည်မဟုတ်ဘဲ အုပ်စုဒုတိယအကျော့ ပွဲစဉ်များကို ဧပြီလမှသာ ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မကွေးအသင်းသည် အာရှအဆင့်ကလပ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here