FA Cup News

FA ဖလား ဆီမီးပွဲစဉ်များ

Mar 14 , 2017

၂၀၁၇ FA ဖလားပြိုင်ပွဲအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ရာ ပရီးမီးယားလိဂ်မှ ထိပ်တန်းအသင်းများသာ ဆုံတွေ့ကြမည် ဖြစ်သည်။

လန်ဒန်အခြေစိုက် ၂သင်းတွေ့ဆုံမှုအဖြစ် ချဲလ်ဆီးနှင့် စပါးတို့ ကစားရမည်ဖြစ်ပြီး အာဆင်နယ်က မန်စီးတီးနှင့် ဆုံတွေ့ မည် ဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ ကွာတားဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ မန်ယူကို ၁-၀ဖြင့် အနိုင်ယူခဲ့ပြီး စပါးက လိဂ်ဝမ်းမှ မီဝေါလ် ကို ကျော်ဖြတ်ခဲ့သူ ဖြစ်သည်။

၂၀၁၄နှင့် ၂၀၁၅ တို့တွင် ချန်ပီယံဖြစ်ခဲ့သော အာဆင်နယ်မှာ အဆင့်နိမ့်အသင်းလေးဖြစ်သော လင်ကွန်းကို ၅ ဂိုးပြတ်ဖြင့် နိုင်ကာ စံချိန်တင်အဖြစ် ဆီမီးဖိုင်နယ်သို့ ၂၉ ကြိမ်မြောက် တက်ရောက်ခဲ့သော အသင်းဖြစ်သည်။

မန်စီးတီးမှာ မစ်ဒယ်ဘရော့ကို အနိုင်ရကာ ၄ရာသီအတွင်း ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ၀င်ဘလေကွင်းတွင် ဧပြီ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ကစားကြမည်ဖြစ်ပြီး ချဲလ်ဆီးနှင့် စပါးတို့ နောက်ဆုံး ၅ကြိမ် တွေ့ခဲ့ရာတွင် ချဲလ်ဆီးက ၂ပွဲနိုင်၊ စပါးက ၁ပွဲနှုင်ပြီး ၂ပွဲသရေကျခဲ့ကြသည်။

အာဆင်နယ်နှင့် မန်စီးတီးတို့ နောက်ဆုံး၅ကြိမ် တွေ့ဆုံခဲ့ရာတွင် အာဆင်နယ်က ၂ပွဲနိုင် မန်စီးတီးက ၁ပွဲနိုင်ပြီး ၂ပွဲ သရေကျခဲ့ကြသည်။

U Myo Thant

<< Back FA Cup News


Advertisement
Here