FA Cup News

ဟာရားရားအကြောင်းပြောတဲ့ လမ်းပတ်

Mar 14 , 2017

မန်ယူကွင်းလယ်ကစားသမား ဟာရားရားအနေနှင့် ချဲလ်ဆီးနှင့် ပွဲတွင် အထုတ်မခံခဲ့သင့်ကြောင်းနှင့် ဒုတိယအ၀ါကတ်မှာလည်း အပြခံရန်မသင့်ကြောင်း ချဲလ်ဆီးကစားသမားဟောင်းကြီး လမ်းပတ်က ပြောဆိုသွားခဲ့သည်။

ယမန်နေ့က ကစားသည့်ပွဲတွင် ဟာရားရားမှာ ပထမပိုင်း မိနစ် ၂၀တွင် အ၀ါကတ်စတင်အပြခံခဲ့ရပြီး ၃၅ မိနစ်တွင် ဒုတိယ အ၀ါကတ် ထပ်မံအပြခံရသဖြင့် ၂၀ါ ၁နီနှင့် ထွက်ခဲ့ရခြင်း ဖြစ်သည်။

ဟာရားရား အထုတ်ခံရသဖြင့် မန်ယူအသင်းမှာ တိုက်စစ်ထက် ခံစစ်ကို ပိုဦးစားပေးခဲ့ရပြီး ၅၁ မိနစ်တွင် ကန်တီက ချဲလ်ဆီး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့သည်။

မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ်ကလည်း ကွင်းလယ်ဒိုင်၏ ဟာရားရားအပေါ် ဆုံးဖြတ်ချက်အမှားကြောင့် ပြိုင်ပွဲရသကို ပျက်စီးနေကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here