EPL News

ဘာလိုတယ်လီ လီဗာပူးရောက်ပြီ

Aug 22 , 2014

မီလန် တိုက်စစ်မှူး ဘာလိုတယ်လီမှာ ပြောင်းရွေှ့ကြေး ပေါင် ၁၆ သန်းဖြင့် လီဗာပူးသို့ ပြောင်းရွေှ့ရန် သဘောတူလိုက်ပြီဖြစ်သည်။

လီဗာပူးနည်းပြ ရော်ဂျာစ်မှာ တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းစေရန် ၂၄ နှစ်သား ဘာလိုတယ်လီကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဘာလိုတယ်လီမှာ လွန်ခဲ့သော နွေရာသီက မန်စီးတီးမှ မီလန်သို့ ပေါင် ၁၉ သန်းဖြင့် ပြောင်းရွေှ့သွားခဲ့ပြီးနောက် စုစုပေါင်း ၅၄ ပွဲတွင် ဂိုး ၃၀ ရရှိခဲ့သည်။

လီဗာပူးမှာ ဘာလိုတယ်လီ၏ အသင်းဟောင်းဖြစ်သော မန်စီးတီးနှင့် လာမည့်လတွင် ဆုံတွေ့ရမည်ဖြစ်သည်။

ဘာလိုတယ်လီမှာ ယမန်နေ့ ဒေသစံတော်ချိန် နေ့လည်တစ်နာရီခွဲတွင် မီလန် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားပြီး မသွားမီတွင် အသင်းဖော်များကို နှုတ်ဆက်သွားခဲ့သည်ဟု ဆိုသည်။

ဘာလိုတယ်လီမှာ မန်စီးတီးသို့ ရောက်ချိန်က ပရိသတ်များ၏ အားပေးမှုကိုရခဲ့ကာ ၁၉၆၈ နောက်ပိုင်း ပထမဆုံးအဖြစ် ပရီးမီးယား ချန်ပီယံဖြစ်ရေးအတွက် အဓိက ပါဝင်ပေးခဲ့သူဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here