FA Cup News

ပြစ်ဒဏ်ချခံရမည့် မန်ယူ

Mar 15 , 2017

တနင်္လာနေ့က ချဲလ်ဆီးနှင့် ကစားခဲ့သော FA ဖလား ကွာတားဖိုင်နယ်ပွဲတွင် ကစားသမားများကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင် ခဲ့သည့်အတွက် မန်ယူအသင်းကို FA က ပြစ်ဒဏ်ချမှတ်မည် ဖြစ်သည်။

ပထမပိုင်းပြီးရန် ၁၀ မိနစ်အလိုတွင် ကွင်းလယ်ဒိုင် အိုလီဗာက မန်ယူကွင်းလယ်ကစားသမား ဟာရားရားကို ၂၀ါ ၁နီဖြင့် ထုတ်ပယ်လိုက်ချိန်၌ မန်ယူကစားသမားများက ဒိုင်ကို ၀ိုင်းဝန်းစောဒကတက်ခဲ့ခြင်းအပေါ် FAက ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ် သည်။

FA ဖလားလက်ရှိ ချန်ပီယံ မန်ယူမှာ ထိုပွဲတွင် တစ်ယောက်လျော့ဖြင့် တစ်နာရီနီးပါး ကစားခဲ့ရကာ နောက်ဆုံးတွင် ၁-၀ဖြင့် ရှုံးခဲ့ ရသည်။

မန်ယူအသင်းမှ ဟာရားရားမှာ ချဲလ်ဆီးမှ ဟာဇတ်ကို ကြမ်းကြမ်းတမ်းတမ်းကစားမိ၍ ဒုတိယအ၀ါရရှိခဲ့ခြင်းဖြစ်ပြီး နောက်ခံလူ ရိုဂျိုမှာ ထိုကဲ့သို့ အ၀င်ကြမ်းမှုမျိုးရှိခဲ့သော်လည်း အပြစ်ပေးခံရခြင်း မရှိခဲ့ပေ။

မန်ယူအသင်းအနေနှင့် FA၏ စွဲချက်တင်ထားမှုကို သောကြာနေ့ ညနေ ၆နာရီမတိုင်မီ ငြင်းဆိုစောဒကတက်ခြင်း မျိုး ပြုလုပ်နိုင်မည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here