Champions League

ကြိုးစားရဦးမယ်ဆိုတဲ့ အယ်လီဂရီ

Mar 15 , 2017

ပေါ်တိုအသင်းကို နှစ်ကျော့ပေါင်း ၃-၀ဖြင့် နိုင်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့သော ဂျူဗင်တပ်အသင်းမှာ ထိုအဆင့် တွင် ပိုမိုကြိုးစားရဦမည်ဖြစ်ကြောင်း နည်းပြ အယ်လီဂရီက ပြောဆိုလိုက်သည်။

ပေါ်တိုမှ ပီရီးယားအထုတ်ခံရခြင်းနှင့် ပယ်နယ်တီရခဲ့ခြင်းတို့ကြောင့် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရရေးအတွက် ပိုမိုအခွင့်သာစေ ခဲ့သော်လည်း ကွာတားအဆင့်တွင်မူ ပိုမိုပြင်းထန်သည့် ပြိုင်ဆိုင်မှုမျိုးဖြင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း၊ ထိုအဆင့်တွင် အသင်း ငယ်သည်၊ ကြီးသည်မရှိတော့ပဲ အာရုံအပြည့်စိုက်၍ ကစားနိုင်မှ တော်ရုံကျမည်ဖြစ်ကြောင်း၊ မည်သည့်အသင်းနှင့် တွေ့ ရမည်ကိုသာ ပြင်ဆင်ရလိမ့် မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဂျူဗင်တပ်မှာ ကွာတားအဆင့်တွင် ဘိုင်ယန်၊ ဘာစီလိုနာ၊ ရီးရဲလ်စသော အသင်းများနှင့် တွေ့ဆုံရနိုင်ပြီး မဲနိုက်ရွေးချယ်မှုကို လာမည့် သောကြာနေ့တွင် ပြုလုပ်မည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here