Serie-A News

ပွဲပယ်ခံရမည့် ဘက်ကာ

Mar 15 , 2017

မီလန်တိုက်စစ်မှုး ဘက်ကာမှာ လွန်ခဲ့သော သောကြာနေ့က ဂျူဗင်တပ်ကို ၂-၁ဖြင့် ရှုံးခဲ့သော ပွဲစဉ်၌ တာဝန်ရှိ ဒိုင်နှင့် ထိပ် တိုက်တွေ့ရန် ကြိုးစားခဲ့မှုကြောင့် ၁ပွဲပယ် ပြစ်ဒဏ်ချခံရမည် ဖြစ်သည်။

ထိုပွဲစဉ်တွင် ဂျူဗင်တပ်မှ ဘီနာတီရာက မိနစ် ၃၀တွင် ဦးဆောင်ဂိုး သွင်းခဲ့ကာ ဘက်ကာက ၄၃ မိနစ်တွင် မီလန် အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့သည်။

ပွဲချိန် ၅၅ မိနစ်တွင် ဘက်ကာမှာ ကက်ကာနှင့် လူစားလဲခံခဲ့ရပြီး မီလန်မှ ဆိုဆာမှာ နာကျင်အချိန်ပို ၃ မိနစ်တွင် ၂၀ါ ၁နီဖြင့် ထွက်ခဲ့ရပြီးနောက် နာကျင်အချိန်ပို ၇ မိနစ်တွင် ဂျူဗင်တပ်မှ ဒိုင်ဘာလာက ပယ်နယ်တီမှ တစ်ဆင့် အနိုင်ဂိုး သွင်းယူ ခဲ့ခြင်း ဖြစ်သည်။

အသက် ဆ၃၀ အရွယ် ကိုလံဘီယာသား ဘက်ကာမှာ ၁ပွဲပယ်ပြစ်ဒဏ်နှင့် အတူ ဒဏ်ငွေ ယူရို တစ်သောင်းပေးဆောင်ရ မည်ဖြစ်ပြီး လာမည့် စနေနေ့ ဂျီနိုအာနှင့် ပွဲတွင် ၀င်ကစားခွင့်ရမည် မဟုတ်ပေ။

မီလန်အသင်းမှာ လောလောဆယ် အမှတ် ၅၀  ဖြင့် အဆင့် ၇တွင်ရှိနေပြီး ချန်ပီယံလြိဂ်ဝင်ခွင့်နှင့် ၁၀ မှတ်အကွာ၊ ယူရိုပါလိဂ် ၀င်ခွင့်နှင့် ၄မှတ်အကွာတွင် ရပ်တည်နေသော အသင်းဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here