Europa League

သမိုင်းသစ်ရေးချင်သော ရော့စတော

Mar 16 , 2017

ယနေ့ည ယူရိုပါလိဂ် ရှုံး၊ ထွက် ဒု/ကျော့အဖြစ် မန်ယူနှင့် ကစားရမည့်ပွဲတွင် မိမိတို့အနေနှင့် ထင်မှတ်ထားခြင်းမရှိသည်များကို လုပ်ဆောင်ပြကာ သမိုင်းသစ်ရေးထိုးသွားလိုကြောင်း ရော့စတော့နည်းပြ ဒါနီလီယန်က ပြောဆိုလိုက်သည်။

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ရော့စတော့မှာ မန်ယူကို ၁ဂိုးစီ သရေကစားထားနိုင်သဖြင့် ယခု ဒုတိယ အကျော့တွင် မျှော်လင့်ချက်ရှိနေသေးသော အသင်းဖြစ်သည်။

ရော့စတော့အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်တွင် အန်းဒါးလက်၊ အေဂျက်တို့ကို ကျော်ဖြတ်ခဲ့ကာ အုပ်စုအဆင့်တွင် ၁ပွဲနိုင် ၂ပွဲသရေ၊ ၃ပွဲရှုံးသောကြောင့် ယူရိုပါလိဂ်သို့ ရောက်လာခြင်းဖြစ်သော်လည်း PSV ကို နှစ်ကျော့စလုံးသရေကစားကာ ဘိုင်ယန် ကို ၃-၂ဖြင့် တစ်ပွဲနိုင်ခဲ့သေးသော အသင်းဖြစ်သည်။

ယူရိုပါလိဂ်တွင် စပါတာပရပ်ကို ၁ပွဲနိုင် ၁ပွဲသရေကစားခဲ့ကာ မန်ယူကိုလည်း အိမ်ကွင်းတွင် သရေခံကစားခဲ့သော အသင်းဖြစ် သည်။

FA ဖလားပွဲမှ ထွက်ခဲ့ရသော မန်ယူမှာ ဖလားရနိုင်ရန်ဟူ၍ ယူရိုပါလိဂ်သာ ကျန်ရှိတော့သဖြင့် ရလဒ်ကောင်းရန် ကြိုးစားမည်မှာ အမှန်ပင် ဖြစ်သည်။

ရော့စတော့ နည်းပြကမူ ဥရောပပွဲများကို ပထမဆုံး ကစားခွင့်ရသည့်ရာသီတွင် သမိုင်းတွင်ကျန်ရစ်မည့် စံချိန်တစ်ခုခုတင် သွားနိုင်ရန် အားထုတ်သွားမည်ဟု ပြောဆိုခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here