Champions League

အဝေးဂိုးနဲ့ ထွက်ရတဲ့ မန်စီးတီး

Mar 16 , 2017

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးမှာ ချန်ပီယံလိဂ်ရှုံး၊ ထွက်အဆင့်တွင် မိုနာကိုနှင့် ရင်ဆိုင်ခဲ့ရာ၌ ပထမအကျော့ အိမ်ကွင်းပွဲတွင် ၅-၃ဖြင့် နိုင်ခဲ့သော်လည်း ဒုတိယအကျော့ အဝေးကွင်းတွင် ၃-၁ဖြင့် ပြန်ရှုံးခဲ့စသဖြင့် နှစ်ကျော့ပေါင်း ၆-၆ဖြင့် သရေရလဒ်သာ ရခဲ့ကာ အဝေးဂိုးသာသော မိုနာကိုက နောက်တစ်ဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။

ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ရှင် မိုနာကိုက ပထမပိုင်းတွင် ၂-၀ဖြင့် ဦးဆောင်နေခဲ့ပြီး ၇၁ မိနစ်တွင် မန်စီးတီးက ၁ဂိုးပြန်ချေနိုင်ခဲ့သော်လည်း ၇၇ မိနစ်၌ မိုနာကိုမှ ဘာကာယိုကိုက အဖိုးတန် ဂိုး၁ဂိုး သွင်းယူခဲ့ခြင်းကြောင့် မန်စီးတီးအသင်း ကံဆိုးသွားရခြင်း ဖြစ်သည်။

ယခု ရှုံးပွဲနှင့်ပတ်သက်၍ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ၏ နည်းစနစ် အသုံးပြုပုံ မှားယွင်းခဲ့ခြင်းကြေင့် ရှုံးပွဲတွေ့ ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်တွင် ဇယားထိပ်နှင့် ၁၀ မှတ်အကွာ အဆင့် ၃တွင် ရှိနေကာ လာမည့်နှစ် ချန်ပီယံလိဂ်ဝင် ခွင့်အတွက် မျှော်မှန်းနိုင်သေးသကဲ့သို့ FA ဖလားပွဲတွင်လည်း ဆီမီးအဆင့်ထိ ရောက်နေပြီဖြစ်၍ ဖလားတစ်လုံးရရန် မျှော် မှန်းနေနိုင်ဆဲ ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here