Europa League

ကွင်းပိတ်ခံရသော ရော့စတော့

Mar 16 , 2017

မန်ယူနည်းပြမော်ရင်ဟိုက ကွင်းမျက်နှာပြင်အနေအထားဆိုးရွားမှုများကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် ရုရှပရီးမီးယား ဘုတ်အဖွဲ့သည် ရော့စတော့အသင်း အိမ်ကွင်းကို ကစားခွင့်ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရုရှပရီးမီးယားတွင် ၁၉ ပွဲကစား ၂၉ မှတ်ဖြင့် လက်ရှိအဆင့် ၈ တွင်ရှိနေသော ရော့စတော့မှာ လွန်ခဲ့သောရာသီတွင် ပွဲ ၃၀ ကစား ၆၃ မှတ်ဖြင့် ဒုတိယရရှိကာ ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့်ရခဲ့သူ ဖြစ်သည်။

အသင်းသမိုင်းတွင် ချန်ပီယံလိဂ်သို့ ပထမဆုံးဝင်ခွင့်ရခဲ့သော ရော့စတော့မှာ ၁၆ သင်းဆင့် ရှုံး၊ ထွက်ပြိုင်ပွဲ အိမ်ကွင်းပွဲစဉ်တွင် မန်ယူကို ၁ဂိုးစီသရေကစားနိုင်ခဲ့သော်လည်း မန်ယူ နည်းပြ မော်ရင်ဟိုက ရော့စတော့ကွင်း မြက်ခင်းပြင်အနေအထားသကို များစွာပြစ်တင်ဝေဖန်ခဲ့ကာ ရုရှပရီးမီးယား တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီးနောက် လိဂ်ပွဲစဉ်များကစားခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ရော့စတော့အနေနှင့် လာမည့် မတ်လ ၂၄ ရက် နောက်ဆုံးထား၍ ကွင်းမြက်ခင်းကို စံချိန်ပြည့်မီအောင် ပြုပြင်နိုင်ရန် အချိန်ပေးထားပြီး ကရက်စ်နိုဒါနှင့် မတ်လ ၃၁ ရက်နေ့ ကစားရမည့် အိမ်ကွင်းပွဲအမီ ပြင်ဆင်ထားရမည် ဖြစ်သည်။

ရော့စတော့ကဲ့သို့ပင် ရူဘင်ကာဇန်အိမ်ကွင်းကိုလည်း ပိတ်ပင်ထားပြီး ပြုပြင်ရန် အမိန့်ချထားကြောင်း သိရသည်။

U Myo Thant

<< Back Europa League


Advertisement
Here