MNL News

ရာသီဥတုကြောင့် MNLပြိုင်ပွဲများကို အချိန်ပြောင်းမည်

Mar 17 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၇ ခုနစ် ဘောလုံးရာသီတွင် ကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်လူငယ်ပြိုင်ပွဲ များဖြစ်သော  ယူ-၂၁၊ ယူ-၂၀၊ ယူ-၁၉နှင့် ယူ-၁၈ ပြိုင်ပွဲများအား အပူချိန်လွန်ကဲမှုကြောင့် မူလကျင်းပရန် ရေးဆွဲထားသော ပွဲစဉ်များကို အချိန်ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်လူငယ်ပြိုင်ပွဲများကို ၂၀၁၇ ခုနစ် ဇန်န၀ါရီလမှစတင်ကျင်းပခဲ့ပြီး ယူ-၂၁၊ ယူ-၂၀၊ ယူ-၁၉ နှင့် ယူ-၁၈ ပြိုင်ပွဲလေးရပ်စလုံးကို ညနေ ၃နာရီခွဲတွင် ကျင်းပလျက်ရှိသည်။

ယခုအခါ ရာသီဥတုပူပြင်းလာသည့်အတွက် ကစားသမားများသက်သောင့်သက်သာ ကစားနိုင်ရန်နှင့် အန္တရာယ်မဖြစ်စေရန် ယနေ့မှစ၍ ဧပြီ ၃၀ ရက်အထိ ယှဉ်ပြိုင်ရမည့်ပွဲစဉ်များကို မူလထုတ်ပြန်ထား သော ညနေ ၃နာရီခွဲအစား ညနေ၄နာရီ သို့ ပြောင်းလဲကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၇ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲကို အသင်းပေါင်း ၁၂ သင်း၊ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲကို ပြိုင်ပွဲဝင်ပေါင်း ၁၂သင်း၊ မြန်မာနေရှင်နယ်လိဂ် ယူ-၁၉ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း ၁၂သင်းနှင့် မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း ၁၀ သင်းဖြင့် ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ သထုံကွင်း၊ ဒဂုံကွင်း၊ မြ၀တီ ကွင်းနှင့် လေ့ကျင့်ရေးကွင်း(၂)တို့၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here