MNL News

အကယ်ဒမီများအတွက် AYA Bank Scouting Tour 2017 စတင်

Mar 17 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာအမျိုးသားဘောလုံးအကယ်ဒမီများအတွက် ကစားသမားရွေးချယ်မှု AYA  Bank Scouting Tour 2017 ကို မတ် ၁၅ ရက်နေ့မှ စတင်ပြီး အဖွဲ့လေးဖွဲ့က မြို့လေး မြို့သို့ သွားရောက်၍ ကစားသမားများရွေး ချယ်ခဲ့သည်။

AYA Bank Scouting Tour 2017 အဖွဲ့(၁)သည် ဗန်းမော်မြို့ ခရိုင်အားကစားကွင်း၌ လူငယ်ကစားသမားရွေးချယ်မှုများ ပြုလုပ် ခဲ့ပြီး လာရောက်ရွေးချယ်ခံသည့် ကစားသမားဦးရေမှာ ၂၃ ဦးရှိသည်။ အဖွဲ့(၂)သည် လားရှိုးမြို့ ခရိုင်အားကစားကွင်း၌ လူငယ်ကစားသမား ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီး လာရောက်ရွေးချယ်ခံသည့် ကစားသမားဦးရေမှာ ၂၃ဦးရှိသည်။ အဖွဲ့(၃) သည် နေပြည်တော် ပေါင်းလောင်းကွင်း၌ လူငယ်ကစားသမားရွေးချယ်မှုပြုလုပ်ခဲ့ပြီး လာရောက်ရွေးချယ်ခံသည့် ကစားသမား ဦးရေမှာ ၄၃ဦးရှိသည်။ အဖွဲ့ (၄)သည် မြ၀တီမြို့ ခရိုင်အားကစားကွင်း၌ လူငယ်ကစားသမားရွေးချယ်မှုပြုလုပ် ခဲ့ပြီး လာရောက်ရွေးချယ်ခံသည့် ကစားသမားဦးရေမှာ ၆၅  ဦးရှိကာ ပထမနေ့တွင် အများဆုံး လာရောက် ရွေးချယ်ခံခဲ့သည့်နေ ရာဖြစ်သည်။ ယင်းထဲမှ ရွေးချယ်ရေးအဖွဲ့များသည် ပဏာမကစားသမား ၂၀ဦးကို ကနဦးရွေးချယ်ထားပြီး ထပ်မံရွေးချယ်မည့် မြို့နယ်များမှ ကစားသမားများဖြင့် ပေါင်း၍ စုစုပေါင်း ၂၀၀ဦးရွေးချယ်ကာ ယင်းထဲမှ မြန်မာအမျိုးသမီးဘောလုံးအကယ်ဒမီများ အတွက် အပြီးသတ် ကစားသမားများ ရွေးချယ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ အမျိုးသားဘောလုံးအကယ်ဒမီအတွက် အသက် ၁၀နှစ်အောက်နှင့် ၁၁နှစ်အောက် လူငယ်ကစားသမားများကိုသာ ရွေး ချယ်ခြင်းဖြစ်ကြောင်း သိရသည်။

U Myo Thant

<< Back MNL News


Advertisement
Here