Gossips

နည်းပြကို ထုတ်ပယ်ခဲ့သော မစ်ဒယ်ဘရော့

Mar 17 , 2017

ယခုရာသီတွင် တန်းပြန်တက်လာသော မစ်ဒယ်ဘရော့အသင်းမှာ FA ဖလားအပါအ၀င် နောက်ဆုံး၃ပွဲဆက် ရှုံးပွဲကြုံခဲ့ပြီးနောက် ၃ နှစ်ခွဲကြာ လက်တွဲခဲ့သော နည်းပြ ကရန်ကာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ပွဲတွင် နိုင်ပွဲရှာမရခဲ့ပဲ တန်းဆင်းဇုန် အဆင့် ၁၉ သို့ ရောက်သွားခြင်းက နည်းပြနှင့် လမ်းခွဲရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။

စုစုပေါင်း ပရီးမီးယား ၂၇ ပွဲကစားပြီးရာတွင် ၁၉ ဂိုးသာ သွင်းယူနိုင်သည့် တိုက်စစ်အတွက်လည်း ဝေဖန်ခံခဲ့ရသည့် အသင်း ဖြစ်သည်။

ရီးရဲလ် လက်ထောက်နည်းပြ ဖြစ်ခဲ့ဘူးသူ ကရန်ကာမှာ ၂၀၁၃ နိုဝင်ဘာတွင် မစ်ဒယ်ဘရော့၏ ဗြိတိသျှသားမဟုတ်သူ ပထမဆုံးတိုင်းတစ်ပါး နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး လွန်ခဲ့သောရာသီကုန်တွင် ပရီးမီးယားသို့ တိုက်ရိုက်တန်း တက်ခွင့်ရခဲ့သည့် အသင်းဖြစ်သည်။

မစ်ဒယ်ဘရော့အသင်းမှာ လာမည့် တနင်္ဂနွေနေ့တွင် အိမ်ကွင်း၌ မန်ယူကို လက်ခံကစားရမည်ဖြစ်ပြီး အရန်အသင်းနည်းပြ အက်နယူးက ယာယီတာဝန်ယူမည်ဟု ခန့်မှန်းရသည်။

 

U Myo Thant




<< Back Gossips


Advertisement
Here