Europe News

လက်ရွေးစင်ပြန်ဖြစ်လာသူ

Mar 17 , 2017

အသက် ၃၄ နှစ်အရွယ် ဆန်းဒါးလန်း တိုက်စစ်မှုး ဒီဖိုးမှာ အင်္ဂလန်လက်ရွေးစင်အသင်း၏ ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရသည်။

နည်းပြဆောက်ဂိတ်၏ အင်္ဂလန်အသင်းမှာ လာမည့် ၂၂ ရက်နေ့တွင် ဂျာမနီနှင့် ခြေစမ်းမည်ဖြစ်ပြီး ၂၆ ရက်နေ့တွင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ၀င်ဘလေတွင် လစ်သူရေးနီးယားကို ဧည့်ခံရမည် ဖြစ်သည်။

ဒီဖိုးမှာ အင်္ဂလန်အတွက် စုစုပေါင်း ၅၅ပွဲ ပါဝင်ကစားခဲ့သူဖြစ်ပြီး နောက်ဆုံး ပါဝင်ခဲ့သည့်ပွဲမှာ ၂၀၁၃ နိုဝင်ဘာလ ချီလီနှင့် ကစားရသော ပွဲဖြစ်သည်။

မန်ယူမှ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်သည်လည်း လက်ရွေးစင်အဖြစ် အရွေးခံခဲ့ရပြီး ဆောက်သင်တန်မှ ရက်ဒ်မွန်နှင့် ပရောင်စီတို့မှာလည်း အင်္ဂလန်အတွက် ပထမဆုံး ခေါ်ယူခြင်း ခံခဲ့ရသည်။

အသင်းခေါင်းဆောင်ရွန်းနီနှင့် စပါး တိုက်စစ်မှုး ကိန်းတို့မှာ ဒဏ်ရာရှိနေပြီး လီဗာပူး တိုက်စစ်မှုး စတားရစ်မှာလည်း ဒဏ်ရာရှိနေကြောင်း သိရသည်။

အာဆင်နယ်မှ ၀ါးလ်ကော့ကိုမူ ဆောက်ဂိတ်က ခေါ်ယူခဲ့ခြင်းမရှိပဲ လောလောဆယ် အင်္ဂလန်ရှေ့တန်းကို ဒီဖိုး၊ ရက်ရှ်ဖို့ဒ်နှင့် လက်စတာမှ ဗာဒီတို့က တာဝန်ယူကြမည် ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် ဆန်းဒါးလန်း တိုက်စစ်မှုး ဒီဖိုးမှာ အင်္ဂလန်လက်ရွေးစင်အသင်း၏ ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရသည်။

နည်းပြဆောက်ဂိတ်၏ အင်္ဂလန်အသင်းမှာ လာမည့် ၂၂ ရက်နေ့တွင် ဂျာမနီနှင့် ခြေစမ်းမည်ဖြစ်ပြီး ၂၆ ရက်နေ့တွင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ၀င်ဘလေတွင် လစ်သူရေးနီးယားကို ဧည့်ခံရမည် ဖြစ်သည်။

ဒီဖိုးမှာ အင်္ဂလန်အတွက် စုစုပေါင်း ၅၅ပွဲ ပါဝင်ကစားခဲ့သူဖြစ်ပြီး နောက်ဆုံး ပါဝင်ခဲ့သည့်ပွဲမှာ ၂၀၁၃ နိုဝင်ဘာလ ချီလီနှင့် ကစားရသော ပွဲဖြစ်သည်။

မန်ယူမှ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်သည်လည်း လက်ရွေးစင်အဖြစ် အရွေးခံခဲ့ရပြီး ဆောက်သင်တန်မှ ရက်ဒ်မွန်နှင့် ပရောင်စီတို့မှာလည်း အင်္ဂလန်အတွက် ပထမဆုံး ခေါ်ယူခြင်း ခံခဲ့ရသည်။

အသင်းခေါင်းဆောင်ရွန်းနီနှင့် စပါး တိုက်စစ်မှုး ကိန်းတို့မှာ ဒဏ်ရာရှိနေပြီး လီဗာပူး တိုက်စစ်မှုး စတားရစ်မှာလည်း ဒဏ်ရာ ရှိနေကြောင်း သိရသည်။

အာဆင်နယ်မှ ၀ါးလ်ကော့ကိုမူ ဆောက်ဂိတ်က ခေါ်ယူခဲ့ခြင်းမရှိပဲ လောလောဆယ် အင်္ဂလန်ရှေ့တန်းကို ဒီဖိုး၊ ရက်ရှ်ဖို့ဒ်နှင့် လက်စတာမှ ဗာဒီတို့က တာဝန်ယူကြမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here