La-liga News

ဘာကာတွင် ဆက်ရှိချင်သူ

Mar 17 , 2017

စပိန်လက်ရွေးစင်ဖြစ်သူ အင်နစ္စတာက သူ့အနေနှင့် ကစားသမားဘ၀ကို ဘာစီလိုနာတွင်သာ အဆုံးသတ်လိုကြောင်း ပြောဆို လိုက်သည်။

အင်နစ္စတာမှာ ဘာစီလိုနာနှင့် ၂၀၁၈ နွေရာသီအထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ဘာစီလိုနာလူငယ်အကယ်ဒမီမှ အသင်း ကြီးသို့ ရောက်ရှိလာသူဖြစ်ကာ ကလပ်တစ်သင်းတည်းတွင်သာ ကစားခဲ့သည့် မှတ်တမ်းမျိုးကိုလည်း လိုလားသူဖြစ် သည်။

၃၂ နှစ်အရွယ် အင်နစ္စတာမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ကိစ္စ မဆွေးနွေးရသေးသော်လည်း သူ၏ စကားသံအရ ဘာစီလိုနာတွင် ဆက်ရှိလိုနေကြောင်း သိသာစေခဲ့သည်။

"ကျနော်အနေနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ဘယ်တော့မှ ပြောမှာ မဟုတ်သလို ကျနော့် ကစားသမားဘ၀ကိုလည်း ဒီမှာပဲ ကုန်ဆုံးချင်သူပါ။ ဒါပေမယ့် ကျနော်ဟာ အသင်းအတွက် အရေးပါသူ မဟုတ်ခဲ့ရင်တော့  ကျနော် ဒီမှာ ဆက်နေမှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

အင်နစ္စတာမှာ ယခုရာသီတွင် ဒဏ်ရာနှိပ်စက်မှုကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၆ပွဲအပါအ၀င် စုစုပေါင်း ၂၅ပွဲသာ ကစားခွင့်ရခဲ့သူ ဖြစ်သည်။

အင်နစ္စတာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ပတ်သက်၍ မည်သည့်အသင်းနှင့် တွေ့ရသည်ဖြစ်စေ ကိုယ်စွမ်းရှိသမျှ ကြိုးစား သွားမည်သာဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here