MNL News

အာရှယူ-၂၃ မဲခွဲမှုအရ မြန်မာ ဩစတြေးလျနှင့် အတူကျ

Mar 18 , 2017

၂၀၁၈ အာရှယူ-၂၃ ခြေစစ်ပွဲ မဲခွဲပွဲအခမ်းအနားကို အာရှဘောလုံးအဖွဲ့ချုပ်တည်ရှိရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ယမန်နေ့တွင် ကျင်းပရာ မြန်မာအသင်းသည် အုပ်စု(F)တွင် အာရှ အင်အားကြီး အသင်းဖြစ်သည့် ဩစတြေးလျအသင်းနှင့် အတူ ကျရောက်လျက်ရှိသည်။

အုပ်စုမဲခွဲမှုအရ မြန်မာအသင်းမှာ အုပ်စု(F)တွင် ဩစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်နေပြီး ယင်းအုပ်စုမှကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ် သည်။ ယင်းခြေစစ်ပွဲကို အာရှဘောလုံးအဖွဲ့ချုပ်က အသင်း ၄၀အား အရှေ့ပိုင်းဇုန်နှင့် အနောက်ပိုင်းဇုန်ဟူ၍ ဇုန်တစ်ခုလျှင် အသင်း၂၀ဖြင့် အုပ်စုတစ်ခုလျှင် အသင်းလေးသင်းဖြင့် အုပ်စု ၁၀ ခုမဲခွဲခဲ့ခြင်း ဖြစ်သည်။

ယင်းခြေစစ်ပွဲကို ဇူလိုင်လအတွင်း ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီအလိုက် အိမ်ရှင်နိုင်ငံများအဖြစ် ရွေးချယ်ခဲ့ရာတွင် မြန်မာအသင်းပါဝင်မည့် ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက   အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်း ဖြစ်သည်။

ခြေစစ်ပွဲအဆင့်တွင် အုပ်စု ၁၀ ခုမှ ထိပ်ဆုံး ၁၀သင်းသည် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး အုပ်စုဒုတိယနေရာရသည့် ၁၀ သင်းအနက် အကောင်းဆုံး ငါးသင်းက ခြေစစ်ပွဲအောင်မြင်မည် ဖြစ် သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပမည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းကို ၀င်ရောက်ယှဉ်ပြိုင်စေ မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဂတ်ဆီဇီက တာဝန်ယူထားသည်။ ယင်းပြိုင်ပွဲမတိုင်မီ မြန်မာ ယူ-၂၂ အသင်းကို နိုင်ငံတကာခြေ စမ်းပွဲများနှင့် ပြည်ပလေ့ကျင့်ရေးခရီးစဉ်များစေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here