MNL News

စပွန်ဆာအဖြစ်ဒေါ်လာ ၄၀၀၀၀ ပေးမည့် ဘရူဝါရီ

Mar 18 , 2017

၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ရှုံး၊ ထွက်ပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအမည်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် မြန်မာဘရူဝါရီမှ Co Sponsor အဖြစ် အမေရိကန်ဒေါ်လာ ၄၀၀၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ရှုံး၊ ထွက်ဖလားပြိုင်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအမည်ဖြင့် ပြောင်းလဲကျင်းပရာ ယခုနှစ်တွင် လည်း ယင်းနာမည်ဖြင့်သာ ကျင်းပသွားမည် ဖြစ်သည်။ ထို့ကြောင့် ယင်းပြိုင်ပွဲအတွက် Co Sponsor အဖြစ် မြန်မာဘရူဝါရီက ပေးအပ်ထားကြောင်း မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောသည်။

"ကျွန်တော်တို့ ဒီနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲကို မြန်မာဘရူဝါရီကုမ္ပဏီက အမေရိကန်ဒေါ်လာ  ၄၀၀၀၀ Co Sponsor အဖြစ် ပေးထားတယ်။ ပြီးတော့ Main Sponsor အတွက် ပြီးခဲ့တဲ့နှစ်က ထောက်ပံ့ပေးခဲ့တဲ့ဆီကနေ  တောင်းခံထားတယ်။ အကြောင်းတော့ မပြန်သေးဘူး" ဟု ဦးစိုးမိုးကျော်က ပြောသည်။

၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို မကွေးအသင်းက ဆွတ်ခူးခဲ့ပြီး ချန်ပီယံဆွတ်ခူးခဲ့သည့် အသင်းမှာ AFC Cup ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here