Champions League

ရင်ခုန်နေတဲ့ အန်ဆလော့တီ

Mar 18 , 2017

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် အသင်းဟောင်း ရီးရဲလ်နှင့် ပြန်ဆုံတွေ့ရမည့်အပေါ် ရင်ခုန်စိတ်လှုပ်ရှားမိကြောင်း ဘိုင်ယန် နည်းပြ အန်ဆလော့တီက ပြောဆိုလိုက်သည်။

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းတွင် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော ချန်ပီယံလိဂ်ဖိုင်နယ်နှင့် မီလန်တွင် ပြုလုပ်ခဲ့သော ၂၀၁၆ ဖိုင်နယ် တို့တွင် ရီးရဲလ်မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို အနိုင်ရကာ ဥရောပဖလားနှင့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲများတွင် ၁၁ ကြိမ် ဗိုလ်စွဲကာ အအောင်မြင်ဆုံးအသင်းအဖြစ် စံချိန်တင်ထားသူ ဖြစ်သည်။

ချန်ပီယံ ၅ ကြိမ်ရထားသော ဘိုင်ယန်မှာ ၂၀၁၃ တွင် နောက်ဆုံးရရှိခဲ့ခြင်းဖြစ်ပြီး အန်ဆလော့တီက သူ့အနေနှင့် လက်ရှိ သူ့ အသင်း ဘိုင်ယန်ကို အပြည့်အ၀ယုံကြည်ကြောင်း ရီးရဲလ်ကို အနိုင်ရရေးအတွက် စွမ်းအားများရှိနေပြီဖြစ်ကြောင်း ပြောဆိုသွား ခဲ့သည်။

လွန်ခဲ့သော ၆လတွင် ဘင်နီတက်ဇ်ကို ထုတ်ပယ်ကာ ဇီဒန်းကို နည်းပြအဖြစ် တာဝန်ပေးအပ်ခဲ့သော ရီးရဲလ်မှာ လာလီဂါတွင်လည်း အမှတ်ပေးဇယားကို ဦးဆောင်နေသော အသင်းဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here