Champions League

ချန်ပီယံလိဂ်ကွာတားပွဲစဉ်များ

Mar 18 , 2017

ချန်ပီယံပြိုင်ပွဲများမှာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး လက်ရှိ ချန်ပီယံ ရီးရဲလ်မှာ နာမည်ကြီး ဘိုင်ယန်နှင့် ရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ ချန်ပီယံလိဂ် မျက်နှာသစ်အသင်းလေးဖြစ်သော လက်စတာမှာ အက်သလက်တီကိုနှင့် တွေ့ဆုံရမည် ဖြစ် သည်။

ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာမှာ လွန်ခဲ့သောနှစ်က ဒုတိယရခဲ့သူ အက်သလက်တီကိုနှင့် ဧပြီ ၁၂ ရက်နေ့တွင် ပထမ အကျော့ အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး ဒုတိယအကျော့မှာ ၁၈ ရက်နေ့တွင် ဖြစ်သည်။

အခြားကွာတားဖိုင်နယ်ပွဲများတွင် ဘာစီလိုနာက ဂျူဗင်တပ်နှင့် လည်းကောင်း၊ ဒေါ့မွန်က မိုနာကိုနှင့် လည်းကောင်း ကစားကြရ မည် ဖြစ်သည်။

လက်စတာ နည်းပြ ရှိတ်စပီးယားက ၃ရာသီအတွင်း ဖိုင်နယ် ၂ကြိမ် တတ်ခဲ့ဘူးသည့် အသင်းမျိုးနှင့် ရင်ဆိုင်ရမည်မှာ ကြီးမားသော စိန်ခေါ်မှုကြီးဖြစ်ကြောင်း၊ သို့သော် မည်သို့ပင်ဖြစ်စေ မိမိတို့ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Champions League


Advertisement
Here