MNL News

အင်ဒိုနီးရှားနှင့် ခြေစမ်းမည့် မြန်မာ

Mar 20 , 2017

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မတ် ၂၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ၌ ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစစ်ပွဲကို အပြီးသတ် ကစားသမား ၂၁ ဦးဖြင့် သွားရောက်ယှဉ် ပြိုင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်ရာတွင် ပဏာမကစားသမား ၂၆ ဦးဖြင့် စခန်းသွင်းလေ့ ကျင့်မှုစတင်ခဲ့ပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် အပြီးသတ် ကစားသမား ၂၁ဦးကို ခေါ်ယူသွားမည် ဖြစ်သည်။

ယင်းအပြီးသတ်စာရင်းတွင် မိသားစုကိစ္စကြောင့် ရန်ကုန်အသင်းမှ နောက်တန်းကစားသမား ဇော်မင်းထွန်းအပါအ၀င် ဆောက် သမ်းမြန်မာအသင်းနှင့် မကွေးအသင်းတို့မှ ကစားသမား ငါးဦး ကျန်ရစ်ခဲ့သည်။ ဆောက်သမ်းမြန်မာအသင်းနှင့် မကွေးအသင်း တို့သည် မတ် ၂၀ ရက်တွင် မြန်မာနေရှင်နယ်လိဂ်လက်ကျန်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် ကြိုတင်သဘောတူညီ မှုအတိုင်း မကွေး အသင်းမှ ကျော်ဇင်လွင်၊ နန္ဒကျော်နှင့် ဆောက်သမ်းမြန်မာအသင်းမှ ဂိုးသမား ပြည့်ဖြိုးအောင်၊ စိုးမြတ်သူတို့ လေးဦးကို သက်ဆိုင်ရာ အသင်းများသို့ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အပြီးသတ် ကစားသမား ၂၁ ဦးစာရင်းမှာ အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲအတွက်သာဖြစ်ပြီး ပြန်လည်ရောက်ရှိလာပါက မြန်မာ့လက်ရွေးစင်အသင်းနှင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်မှုကို စတင်သွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း အတွင်းရေးမှုး ဦးထွန်းထွန်းအောင်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲအတွက် မတ် ၁၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာမည် ဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၇ ရက်နေ့က မြန်မာ ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအပြီး ၆ဂိုး-၁ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ် ကစားသမား ၂၁ ဦးစာရင်းတွင် ဂိုးသမား ရန်အောင်လင်း၊ သီဟစည်သူ၊ ဘုန်းသစ္စာမင်း၊ နောက်တန်း သိန်းသန်းဝင်း၊ ဟိန်းသီဟဇော်၊ ၀င်းမင်းထွဋ်၊ သန်လန် ဟက်ထန်၊ ဖြိုးကိုကိုသိန်း၊ ဒေးဗစ်ထန်း၊ ဇင်ဖြိုးအောင်၊ အလယ်တန်း မျိုးကိုထွန်း၊ သက်နိုင်၊ စည်သူအောင်၊ ရန်အောင်ကျော်၊ ဆွမ်လမန်၊ တင်ဝင်းအောင်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ရှေ့တန်း ကျော် ကိုကို၊ သန်းပိုင်နှင့် အောင်သူတို့ ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here