MNL News

အာရှ ယူ-၂၃ ခြေစစ်ပွဲအုပ်စုမဲခွဲ

Mar 20 , 2017

၂၀၁၇ အာရှ ယူ-၂၃  ခြေစစ်ပွဲအုပ်စု မဲခွဲမှုအရ မြန်မာ ယူ-၂၂ အသင်းမှာ အုပ်စု (F)တွင် ဩစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း တို့နှင့် အတူ ကျရောက်နေမှုမှာ အသင်းအတွက်  အုပ်စုတက်ရေး အခြေအနေကောင်းဟု နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

"အုပ်စုမဲခွဲမှု အနေအထားအရတော့ မြန်မာအသင်းအတွက် အခြေအနေကောင်းပါတယ်။ ဩစတြေးလျကတော့ သေချာပေါက် တောင့်တင်းတဲ့အသင်း၊ စင်ကာပူကိုလည်း လျှော့တွက်လို့ မရဘူး။ စင်ကာပူကလည်း ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတယ်။ ဘရူနိုင်းဆိုရင်လည်း ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ သူတို့နဲ့ မထိတွေ့တာ ဒီ Level မှာ တော်တော်ကြာပြီ" ဟု ဂတ်ဆီဇီက ပြောသည်။

ထို့နောက် နည်းပြချုပ် ဂတ်ဆီဇီက ပြိုင်ပွဲတွင် အုပ်စု ဒုတိယရရေးထက် ထိပ်ဆုံးနေရာအတွက်သာ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ခြေစစ်ပွဲများကို ဇူလိုင် ၁၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ မြန်မာအသင်းပါဝင်သည့် အုပ်စု(F)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။ မြန်မာအသင်းသည် ဇူလိုင် ၁၉ ရက်တွင် စင်ကာပူအသင်းနှင့်လည်းကောင်း ဇူလိုင် ၂၁ ရက်တွင် ဘရူနိုင်းအသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် ဩစတြေးလျအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here