MNL News

ပွဲစဉ်(၂) ပွဲစဉ်များ ဆက်လက်ကျင်းပမည်

Mar 20 , 2017

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ လူငယ်အသင်းများဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနေရှင်နယ်လိဂ် အသက်၁၈ နှစ်အောက် လူငယ် ပြိုင်ပွဲ ပွဲစဉ်(၂)ကို မတ် ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး နိုင်ပွဲရထားသည့် ဒဂုံနှင့် တက္ကသိုလ်အသင်းတို့ ထိပ် တိုက်တွေ့ဆုံလျက် ရှိသည်။

မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ ပြိုင်ပွဲ ပွဲစဉ်(၂) ကို မတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ရန်ကုန်မြို့ရှိ မြ၀တီကွင်း၊ ဒဂုံကွင်း၊ TG-2 ကွင်း၊ စလင်းကွင်းနှင့် တက္ကသိုလ်ကွင်းတို့၌  ကျင်းပသွားမည် ဖြစ်သည်။ ပွဲစဉ်ဇယားအရ ပွဲစဉ် (၂)တွင် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးပိုင်း၌ ရပ်တည်နေသော ဒဂုံနှင့် တက္ကသိုလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံကာ မတ် ၂၀ ရက်တွင် စလင်း ကွင်း၌ ယှဉ်ပြိုင်ကစား သွားမည် ဖြစ်သည်။

တခြားပွဲစဉ်များအပြင် မတ် ၁၉ ရက်တွင် ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် ငွေကြယ်ပွင့်လေးများ အသင်းသည် စီးတီးရန်ကုန်အသင်းနှင့် ဒဂုံကွင်း၌ လည်းကောင်း၊ မြ၀တီနှင့် ဖုန်ဂန်အသင်းမှာ မြ၀တီကွင်း၌ လည်းကောင်း၊ သန်လျင်အသင်းနှင့် စီးတီးစတားအသင်းတို့မှာ TG-2 ကွင်း၌လည်းကောင်း၊ မတ် ၂၀ ရက်ပွဲစဉ်အဖြစ် မဟာနှင့် မောရ၀တီအသင်း တို့မှာ တက္ကသိုလ်ကွင်း လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

U Myo Thant

<< Back MNL News


Advertisement
Here