MNL News

ဆောက်သမ်းနှင့် မကွေးအသင်းပွဲ မော်လမြိုင်ကွင်း၌ ယှဉ်ပြိုင်မည်

Mar 20 , 2017

မကွေးအသင်း၏ AFC Cup ပွဲစဉ်ကြောင့် ပြောင်းရွှေ့ခဲ့သည့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆) လက်ကျန်ပွဲစဉ်အဖြစ် ဆောက်သမ်းမြန်မာအသင်းနှင့် မကွေးအသင်းတို့ ပွဲစဉ်ကို မတ် ၂၀ ရက် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ဆောက်သမ်းမြန်မာအသင်းက အိမ်ရှင်အဖြစ် မော်လမြိုင်ကွင်း၌ လက်ခံကျင်းပသွားမည် ဖြစ်သည်။

လက်ရှိ အမှတ်ပေးဇယားတွင် မကွေးအသင်းမှာ ရမှတ် ကိုးမှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေပြီး အနိုင်ရရှိပါက အဆင့် (၆)အထိ တက်လှမ်းနိုင်မည်ဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်းမှာ ရမှတ် ခြောက်မှတ်ဖြင့် အဆင့်(၁၁) တန်းဆင်းဇုန်၌ ကျရောက်နေပြီး အနိုင်ရရှိပါက အဆင့်(၇) သို့မဟုတ် အဆင့် (၈) အထိ တက်ရောက်နိုင်မည် ဖြစ်သည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်း အာရှဖလားခြေစစ်ပွဲကြောင့် ပွဲစဉ် (၉) ကို မတ် ၁၄ ရက်က စတင်ရပ်နားခဲ့သည်။

ထို့ကြောင့် မူလသတ်မှတ်ပြောင်းရွှေ့ခဲ့သည့် ဆောက်သမ်းမြန်မာအသင်းနှင့် မကွေးအသင်းတို့ ပွဲစဉ်အတွက် ယင်းနှစ်သင်းမှ ရွေးချယ်ထားသော လက်ရွေးစင်ကစားသမား လေးဦးကို ကလပ်အသင်းသို့ ပြန်လည်စေလွှတ်ခဲ့ရသည်။

U Myo Thant




<< Back MNL News


Advertisement
Here