Serie-A News

၃၉၆၈၁ မိနစ်နှင့် ဘူဖွန်

Mar 20 , 2017

ဂျူဗင်တပ်အသင်းမှ ၀ါရင့် ဂိုးသမားကြီး ဘူဖွန်မှာ စီးရီးအေတွင် ပါဝင်ကစားခဲ့သော ပွဲချိန်မိနစ်ပေါင်း ၃၉၆၈၁  မိနစ်ရှိသွား ပြီဖြစ်ပြီး ယင်းစံချိန်မှာ ကလပ်အသင်းသမိုင်းတွင် ပွဲချိန် အများဆုံး ကစားပေးခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။

အသက် ၃၉ နှစ် ရှိပြီဖြစ်သော ဘူဖွန်မှာ ယခုရာသီပေးဂိုး အနည်းဆုံး စီးရီးအေအသင်းဖြစ်လာရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့ သူဖြစ်ပြီး လောလောဆယ် ၂၉ ပွဲတွင် ပေးဂိုး ၁၉ ဂိုးသာ ရှိထားကာ အခြားပေးဂိုး အနည်းဆုံးအသင်းမှာ ရိုးမား (၂၆ ဂိုး) ဖြစ် သည်။

ဘူဖွန်သည် ၂၀၀၁ တွင် ပါးမားမှ ဂျူဗင်တပ်သို့ ရောက်ရှိလာသူဖြစ်ပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားအဖြစ် စံချိန် တင်ခဲ့သူ ဖြစ်သည်။

လုပ်ပွဲကစားသည့် စွပ်စွဲချက်ဖြင့် စီးရီးအေချန်ပီယံဆု ပြန်အသိမ်းခံရသည့်အပြင် စီးရီးဘီသို့ ဆင်းကစားရန် ဂျူဗင်တပ်အသင်း အပြစ်ပေးခံရချိန်တွင် ဘူဖွန်မှာ သစ္စာရှိ ကစားသမားဟောင်းတစ်ဦးအဖြစ် အသင်းနှင့် အတူ စီးရီးဘီသို့ ဆင်းကစားခဲ့သူ ဖြစ် သည်။

သူသည် လွန်ခဲ့သော ၂၀၁၅-၁၅ ရာသီတွင် ပွဲကစားချိန် ၉၇၄ မိနစ်ဆက်တိုက် ဂိုးမပေးရသောစံချိန်ကိုလည်း တင်နိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here