EPL News

သရေကို ကျေနပ်တဲ့ ဂွာဒီယိုလာ

Mar 20 , 2017

အမှတ်ပေးဇယား စတုတ္ထနေရာမှ လီဗာပူးကို ၁ဂိုးစီသရေသာ ကစားနိုင်ခဲ့သော်လည်း ကျေနပ်မိကြောင်း အဆင့် ၃ မန်စီးတီးမှ နည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ် ရှုံး၊ ထွက် အဆင့်တွင် မိုနာကိုကို အဝေးဂိုးစည်းမျဉ်းဖြင့် အရှုံးပေးကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ပထမဆုံး ပြန်ကစားရသော လီဗာပူးနှင့် အိမ်ကွင်းပွဲတွင် မန်စီးတီးမှာ အနောက်မှ လိုက်ကစားကာ သရေကျခဲ့ခြင်း ဖြစ်သည်။

ဂွာဒီယိုလာက "မိုနာကိုကြောင့် အသင်းသားတွေ စိတ်ထိခိုက်ခဲ့ရပေမယ့် အခုပွဲမှာ အကောင်းဆုံး တုန့်ပြန်ကစားနိုင်ခဲ့လို့ ကျနော် ဂုဏ်ယူသလို ကျနော့်ဘ၀အတွက် နေ့ထူးတစ်ခုလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုကနေ ထွက်ခဲ့ရပြီး ရက်ပိုင်းအတွင်း နောက်တစ် ပွဲပြန်ကစားရတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ကျနော့် ကစားသမားတွေ တာဝန်ကျေခဲ့ပါတယ် "ဟု ပြောဆိုသွားခဲ့သည်။

နည်းပြဘ၀ သက်တမ်းတစ်လျှောက်တွင် ဂွာဒီယိုလာမှာ ပြည်တွင်းအမှတ်ပေး ချန်ပီယံ ၆ကြိမ်၊ လိဂ်ဖလား ၄ကြိမ်နှင့် ချန်ပီယံလိဂ် ဖလား ၂ကြိမ် ရထားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here