Bundesliga News

ပွဲ ၂၅၀ နှင့် မူလာ

Mar 20 , 2017

မိုချင်ဂလက်ဘက်နှင့် ကစားခဲ့ရသော ပွဲတွင် ပါဝင်ခဲ့သော မူလာမှာ ဘွန်ဒစ်လီဂါတွင် စုစုပေါင်း ပွဲ ၂၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

အဝေးကွင်းပွဲအဖြစ် ကစားရသော ထိုပွဲစဉ်တွင် ဘိုင်ယန်မှာ မူလာသွင်းပေးခဲ့သည့်ဂိုးဖြင့် အနိုင်ရခဲ့ပြီး အနီးဆုံး ပြိုင်ဘက်ကို ၁၃ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်သည်။

ပရိသတ် ၅သောင်းကျော် လာရောက်ကြည့်ရှုခဲ့သော ထိုပွဲတွင် ပွဲချိန် ၆၃ မိနစ်၌ အယ်ကန်တာရာ၏ ပေးပို့မှုမှ တစ်ဆင့် မူလာက အနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးဇယား ဒုတိယနေရာမှ လိုက်ပဇစ်နှင့် ၁၃ မှတ်ကွာဟသွားပြီ ဖြစ်သည်။

အိမ်ရှင် ဂလက်ဘက်မှာ ဂိုးရရန် အခွင့်အရေးရခဲ့သော်လည်း လွဲချော်ခဲ့ပြီး ဘိုင်ယန်မှ ရော်ဘင် ကန်ချက်မှာလည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here