Serie-A News

ဂုဏ်ယူရမည့် ဂျူဗင်တပ်အသင်း

Mar 21 , 2017

စီးရီးအေထိပ်တန်း အသင်းတစ်သင်းဖြစ်သော ဂျူဗင်တပ်အသင်းသည် ဂုဏ်ယူဖွယ်ရာ အကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီဖြစ်ပြီး ယင်းမှာ ၂၀၀၁ ခုနှစ် ဂျူဗင်တပ်အသင်းသည် လက်ရှိတွင် မန်နေဂျာနှင့် နည်းပြ အများဆုံး မွေးထုတ်ပေးနိုင်ခဲ့သည့် ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့၍ ဖြစ်သည်။

၂၀၀၁ ခုနှစ် ဂျူဗင်တပ်အသင်းမှာ အသင်းသား ၂၇ ဦးထဲတွင် ၁၄ ဦးမှာ မန်နေဂျာ(သို့မဟုတ်) နည်းပြများအဖြစ် ပေါ်ထွက်လာကြ ပြီး ယင်းမှာ ကမ္ဘာပေါ်တွင် မန်နေဂျာ၊ နည်းပြ အများဆုံး ထွက်ပေါ်လာသည့် အသင်းအဖြစ် စံချိန်တင်ခဲ့သည်။

၂၀၀၀-၂၀၀၁ အသင်း လူစာရင်းထဲမှ မန်နေဂျာနှင့် နည်းပြဖြစ်လာသူများမှာ (၁) တက်ခီနာဒီ (၂) ဇီဒန်း (၃) ကွန်တီ (၄) တူဒေါ (၅) အင်ဇာဂီ (၆) ဇမ်ဘရော့တာ (၇) အဂ္ဂါဒေးဗစ် (၈) မွန်တဲရိုး (၉) ဖာရားရား (၁၀) ပက်ဆော့တို (၁၁) ရမ်ပူလာ (၁၂) ဇန်ချီ (၁၃) အေသာဆန် (၁၄) အက်စ်နိုင်ဒါ စသူတို့ ဖြစ်ကြသည်။

ဇီဒန်းနှင့် ကွန်တီတို့မှာ လက်ရှိ လာလီဂါနှင့် ပရီးမီးယား အမှတ်ပေးဇယားများကို ဦးဆောင်နေသော ရီးရဲလ်နှင့် ချဲလ်ဆီး အသင်း များကို တာဝန်ယူနေသည့် နည်းပြများ ဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here