EPL News

မေဂျာလိဂ်ပြောင်းမည့် စတိုင်ဂါ

Mar 21 , 2017

မန်ယူတွင် နေရာမရဖြစ်ခဲ့သော ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါမှာ လာမည့်အပတ်တွင် အမေရိကန်မေဂျာလိဂ်တွင် ကလပ်ချီကာဂို ဖိုင်းယားသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

ဂျာမနီအသင်းခေါင်းဆောင်ဖြစ်ခဲ့သူ စတိုင်ဂါမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး မန်ယူနည်းပြဟောင်းဗန်ဂေါလ်၏ ခေါ် ယူခြင်းကြောင့် ဘိုင်ယန်မှ မန်ယူသို့ ရောက်လာသူ ဖြစ်သည်။

သို့သော် ယခုရာသီတွင် မန်ယူကို မော်ရင်ဟို စတင်ကိုင်တွယ်လာချိန်တွင် ပွဲကစားခွင့်မရတော့ပဲ ယူ-၂၁ အသင်းသို့ပင် အပို့ခံ ခဲ့ရကာ နောက်ဆုံး ယူရိုပါလိဂ် လူစာရင်းတွင်မှ မန်ယူအသင်းကြီး လူစာရင်းသို့ ပြန်လည်ပါဝင်လာသူ ဖြစ်သည်။

သို့သော် ယခုရာသီတွင် ပြိုင်ပွဲပေါင်းစုံအတွက် စုစုပေါင်း ၁၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ယူရိုပါလိဂ်တွင် သူနောက်ဆုံး ပါဝင် ခွင့်ရခဲ့သည့်ပွဲမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ စိန့်အက်တိုင်းနီးနှင့် ပွဲဖြစ်သည်။

၂၀၀၂ တွင် ကစားသမားဘ၀ကို ဘိုင်ယန်နှင့် စတင်ခဲ့သူ စတိုင်ဂါမှာ ဘိုင်ယန်နှင့်အတူ ၂၀၁၃ ချန်ပီယံလိဂ်ဖလားကိုရရှိခဲ့ကာ ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ၈ ကြိမ် ရခဲ့သူ ဖြစ်သည်။

ဂျာမနီအတွက် ၁၂၁ ပွဲ ကစား ၂၄ ဂိုးသွင်းယူပေးခဲ့သော စတိုင်ဂါမှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် ၆ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ယူရိုပါလိဂ် ၂၀၁၆ တွင် ၅ပွဲ ပါဝင်ခဲ့ကာယ လွန်ခဲ့သော ဩဂုတ်လ ၃၁ရက်တွင် နောက်ဆုံးပါဝင်ခဲ့ကာ လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here