Gossips

ပွဲပယ်ခံရသော ကွင်းလယ်ဒိုင်

Mar 21 , 2017

လွန်ခဲ့သော နိုဝင်ဘာလအတွင်းက ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား အာဖရိကဇုန်၏ တောင်အာဖရိကနှင့် ဆီနီဂေါတို့ ပွဲစဉ် တွင် မတရားသော နည်းလမ်းမျိုးကို အသုံးပြုခဲ့သည်ဟုဆိုကာ ဂါနာလူမျိုး ကွင်းလယ်ဒိုင် လမ့်ပတေးကို  ဖီဖာက တစ်သက်တာ ပွဲပယ်မိန့် ပြစ်ဒဏ်ချလိုက်ကြောင်း သိရသည်။

တောင်အာဖရိကဇုန် အုပ်စု D ပြိုင်ပွဲအဖြစ် ကစားခဲ့သော ထိုပွဲစဉ်တွင် အိမ်ရှင်တောင်အာဖရိကက ပထမပိုင်း ၄၃ မိနစ်တွင် ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး နောက်ဆုံးတွင် ၂-၁ဖြင့် အနိုင်ရခဲ့ကာ တောင်အာဖရိကမှာ အုပ်စုထိပ်မှ ဘူကီနာဖာဆိုနှင့် အမှတ် တူ အုပ်စု ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ကွင်းလယ်ဒိုင်က ဆီနီဂေါဘက်မှ ကစားသမား၏ လက်နှင့်ထိသည်ဟုဆိုကာ ပယ်နယ်တီပေးခဲ့သော်လည်း ရုပ်/သံ အနှေးပြ ကွက်တွင် ဘောလုံးမှာ ဒူးခေါင်းကိုသာထိခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။

လမ်ပတေးမှာ ပြစ်ဒဏ်အတွက် ဖီဖာနှင့် ကမ္ဘာ့အားကစားဆိုင်ရာ ခုံရုံးတို့သို့ အသနားခံစာတင်ထားပြီး လမ့်ပတေးကို ကန့်ကွက် လွှာတင်ခဲ့သော ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ်ကမူ ဖြစ်စဉ်အတွက် ပျော်ရွှင်ကျေနပ်မိကြောင်း ပြောဆိုခဲ့သည်။

အုပ်စုဗိုလ်များက နောက်တစ်ဆင့်တက်မည်ဖြစ်သည့်အတွက် အသည်းအသန်ကြိုးပမ်းရမည့်အရေးတွင် အုပ်စုတွင်း ၄သင်းမှာ ၂ပွဲစီကစားထားပြီဖြစ်ပြီး နောက်ထပ် ၄ပွဲစီ ကစားရန် ကျန်ရှိနေဆဲ ဖြစ်သည်။

U Myo Thant

<< Back Gossips


Advertisement
Here